(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဥဿဆိုတာ ပစ်ထားလို့မရတဲ့ နေရာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

အားလုံး မင်္ဂလာပါ..။ 
ညီအစ်ကို မောင်နှမများအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ''အသက်တစ်ရာ မနေရဘူး အမှုတစ်ရာ ကြုံရတယ်'' ဆိုတဲ့ အရပ်စကားနဲ့အညီ ဒီအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ၀မ်းနည်းစရာတွေ၊ မကျေနပ်မှုတွေ၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေနဲ့ အားလုံးရဲ့ ရင်တွင်းကိုယ်စီမှာ တောက်ခေါက်သံတွေ ညံနေမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတွေ မည်မျှရှိနေစေကာမူ နောက်လိုက်တွေ ညံ့ဖျင်းနေကြမယ်၊ ပညာမဲ့နေကြမယ်ဆိုရင် ကျွန်တော်တို့ စိုးရိမ်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ သေချာပေါက် ခံစားကြရပါလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါင်းဆောင်နိုင်မဲ့သူတွေ ထွက်ပေါ်လာ သင့်သလောက် မထွက်ပေါ်လာဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ ချို့ ယွင်းချက်တွေ လစ်ဟာမှုတွေ မပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေပြီဆိုတာကို မီးမောင်း ထိုးပြနေသလိုပါပဲ..။


ဥသာဆိုတာ ပစ်ထားလို့ မရတဲ့နေရာ
တစ်ချို့ နေရာတွေမှာ စာသင်ကျောင်းတွေ ရှိပြီးတော့ ပညာလာသင်မဲ့ ကလေးငယ်တွေ မရှိကြဘူး။ တစ်ချို့ နေရာတွေကျတော့ ပညာသင်ကြားချင်တဲ့ ကလေးငယ်တွေ ပြည့်နှက်နေပြီး ပညာသင်လို့ ရမဲ့နေရာ မရှိပြန်ဘူး။ အခုလည်း ဥသာမြို့သစ်မှာ ပညာသင်ကြားချင်တဲ့ ကလေးငယ်တွေ ရှိနေ ပါလျက် လုံလုံခြုံခြုံ ပညာသင်ကြားလို့ရမဲ့ စာသင်ကျောင်း မရှိဖြစ်နေတယ်။မြင်ရတာ ရင်နင့်စရာပါ။ တကယ်တော့ ဥသာဆိုတာ ခေတ် အဆက်ဆက် မြန်မာ့ရာဇ၀င်တစ်ခုလုံးအတွက် သူရဲကောင်းတွေ၊ နိုင်ငံသားကောင်းတွေ မပြတ်ထွက်ပေါ်ခဲ့တဲ့ နေရာတစ်ခုပါ။ 

အဲ့ဒီ ဥသာမြို့သစ် ပါတ်ဝန်းကျင်မှာ စာသင်ကျောင်း သေချာမရှိတဲ့အတွက် ဆရာတော် ဦးခေမာစာရက သဇ္ဇနာရာမ ပညာဇေယုံ( ဘက ) ကျောင်း ဆိုပြီး ဓနိမိုးထားတဲ့ တဲလေးထိုးပြီး ကလေးငယ်တွေကို အခုလို စာသင်ကြားပေးနေပါတယ်။

စာသင်ကြားပေးနိုင်ဖို့ အဓိက ရည်ရွယ်ပြီး တဲသာသာ ထိုးထားတဲ့ စာသင်ကျောင်း ဖြစ်ပါတယ်။


လေ၀င်လေထွက်ကောင်းအောင် ဖောက်ထားတာ မဟုတ်ပဲ ပြန်ပြီး မပြင်ဆင်နိုင်လို့ ၀င်းထရံတွေ ဆွေးမြေ့နေတာပါ။
မြေပြင်နဲ့ ကလေးတွေ စာသင်တဲ့နေရာဟာ တစ်ညီတည်းဖြစ်လို့ မိုးရွာတဲ့အခါ ရေ၀င်လာရင် လုံးဝ စာသင်လို့ မရပါဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ယိုင်နဲ့နေပြီး ဘယ်လိုမှ စာသင်ကျောင်းအင်္ဂါရပ်နဲ့ မပြည့်စုံတော့တဲ့ တဲအိုကြီးဖြစ်နေပါပြီ.။

စာသင်ဖို့ အဓိကသာ ရှေးရှုနေရလို့ အစားအသောက်ကို ဖွယ်ဖွယ်ရာ မစီမံပေးနိုင်ပါဘူး။ ကလေးငယ်တွေရော ဆရာမတွေရော ဆရာတော် ဦးခေမာစာရကိုယ်တိုင်ရော ဒါကိုပဲ ဘုန်းပေးကြပါတယ်။

မိုးရွာရင် သူတို့ ဘယ်လို ခရီးဆက်ကြမလဲ..?

စာသင်သား ကလေးငယ်တွေရော ဆရာမတွေပါ စုပေါင်းအသုံးပြုနေရတဲ့ အိမ်သာဖြစ်ပါတယ်။ ယင်လုံဖို့ နေနေသာသာ အရှက်လုံဖို့တောင် မနည်း ကြိုးစားရမဲ့နေရာ ဖြစ်ပါတယ်။

ကျောင်းသူ ကျောင်းသား စုစုပေါင်း ၇၈ဦးခန့် ရှိပါတယ်။ လိုအပ်တာတွေ များလွန်းတဲ့ နေရာ တစ်ခုဖြစ်ပြီး အဓိကလိုအပ်ချက်မှာ အမိုးအကာ လုံခြုံဖို့ကို ဦးစားပေးတဲ့ ကျောင်းဆောင်လေးတစ်ဆောင် ဖြစ်ပါတယ်။ ပြီးတော့ ဖတ်စာအုပ်များလည်း လုံလောက်မှု မရှိပဲ လတ်တလော အခြေအနေမှာ သုံးယောက်တစ်အုပ်နှုန်းကို မျှပြီး ကြည့်ရှုသင်ကြားနေရ ပါတယ်။

ဆရာတော် ဦးခေမာစာရဦးစီး သင်ကြားပေးနေတဲ့ သဇ္ဇနာရာမ ပညာဇေယုံ( ဘက ) ကျောင်းကို ယခုထက် ပိုပြီး ကလေးငယ်တွေ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျွန်တော်တို့ မြန်မာမုဒိတာ လူငယ်များ အဖွဲ့မှ နိုင်ငံတကာမှ အလှုရှင်များရဲ့ စုပေါင်း လှုဒါန်းအားဖြင့်  ပြန်လည် ပြုပြင်တည်ဆောက်နိုင်ရန် ပဉ္စမအကြိမ်မြောက် အလှုအဖြစ် မှတ်တမ်းရေးထိုးနိုင်ရန် ကြိုးစားပါမည်။ 



ဒီနေ့ ( ၁၃.၆.၂၀၁၃၊ ကြာသာပတေးနေ့ ) မှ စတင်ပြီး ( ၁.၈.၂၀၁၃၊ ကြာသာပတေးနေ့အထိ ) အလှုငွေ လက်ခံမည့်ရက်ကို သတ်မှတ်ပါသည်။အရင်အကြိမ်တွေတုန်းကလိုပင် နိုင်ငံတကယမှ အလှုရှင် အကိုအမများ အနေနဲ့ ယုံကြည်စွာ လက်တွဲပါဝင်ကြလိမ့်မယ်လို့ အထူးယုံကြည်ပါတယ်ခင်ဗျား..။ 



ကျောင်းဒကာ၊ ကျောင်းအမအဖြစ် ခံယူလိုသော နိုင်ငံတကာမှ အလှုရှင်များအနေနဲ့ နိုင်ငံအသီးသီးမှ အောက်ပါ အကျိုးဆောင်များသို့ ယုံကြည်စွာ ဆက်သွယ် လှုဒါန်းနိုင်ပါပြီခင်ဗျား..။

ဗြိတိန်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိက
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
https://www.facebook.com/lynnkhitdeno

ဂျပန်နိုင်ငံ
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214
http://www.facebook.com/nayyannaing

တောင်ကိုးရီးယား
၁။ဒေါ်ကျူတီ
antianti29@gmail.com
+၁၀ ၂၁၄၂ ၁၂၆၆
https://www.facebook.com/daw.q.te

စင်ကာပူ
၁။ မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၉၆၁၆ ၄၄၇၇ 
https://www.facebook.com/madamkoo

၂။ ကန်ဒီခိုင်
candykhine2@gmail.com
+၆၅ ၉၆၆၀  ၂၆၉၄
https://www.facebook.com/candykhine2

ထိုင်ဝမ်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
jerrypigpig@gmail.com
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
https://www.facebook.com/blackroze.flower

မလေးရှား
၁။တင်မောင်လွင်
mmin5433@gmail.com
+၆၀၁၆ ၃၆၂၇ ၆၆၄
https://www.facebook.com/mg.joephyu

၂။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
https://www.facebook.com/pan.thut

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
https://www.facebook.com/maungssk

၎။မောင်ဘုန်း (ကလန်း)
mr.janjarom@gmail.com
+၆၀၁၀ ၂၈၂၇ ၀၇၁
https://www.facebook.com/yehtet.yehtet.1

၅။ဇင်ငြိမ်းဦး
+၆၀ ၁၇၇၀ ၅၈၂ ၁၉

မြန်မာနိုင်ငံ
၁။ andrewkc @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
https://www.facebook.com/andrewmahkc

၂။ ဒေါ်အိအိစိုး (Doreen Tin)
ei.soe64@gmail.com
+၉၅ ၉၅၁၅ ၂၄၆၃
https://www.facebook.com/doreen.tin

၃။ သမီးစံ
sandartinmyint@gmail.com
+၉၅ ၉၄၂၀၀ ၈၇၄၃၅
https://www.facebook.com/mi.san1


ကိုယ်တိုင်ကိုယ်ကျ ဆရာတော်ကို ဆက်သွယ်လှုဒါန်းချင်တယ်ဆိုရင်လည်း အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် လှုဒါန်းနိုင်ပါတယ်..။

ဦးခေမာစာရ
သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်းတိုက် 
အမှတ် (၅/၁၉(အေ))၊ 

၃လမ်း၊ ဥသာမြိုသစ်၊ပဲခူး

ဖုန်း- ၀၉-၄၃၀-၉၅၂၇၂၊ ၀၉-၄၂၈၁-၁၇၆၃၀


အလှုရှင်များအား အမြဲ လေးစား အားကိုးလျက်
မြန်မာမုဒိတာ လူငယ်များအဖွဲ့ ( MMYG )
၁၃.၆.၂၀၁၃
၅း၄၈ ( GMT )



0 မှတ်ချက်: