နေသာရဲ့လား ခင်
မုတ်သုန် မြေပြင်မှာ
ကျွံဝင်သွားတဲ့ ခြေရာ
ပြန်ရှာဖို့ မလိုပါဘူး...။
မှုံပြပြ မြို့ရိုးမှာ
အလွမ်းတွေကို တိတ်တိတ်ပျိုး ရင်း
အစွယ်ကျိုးဆင်းလာတဲ့ ဆည်းဆာမှာ
မောင်လည်း နေသာတတ်ခဲ့ပါပြီ ခင်......
တစ်ခါ တစ်ခါတော့
ရီဝေစွာနဲ့ပေါ့။
အပြည့်အစုံသို့