(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)
Showing posts with label ဘကြီးမှုန် မှာတမ်း. Show all posts
Showing posts with label ဘကြီးမှုန် မှာတမ်း. Show all posts

ဘကြီးမှုန် မှာတမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဖိုးသာအောင်ရေ...
ခေါင်းပေါင်းစတွေ
တထောင်ထောင်နဲ့
ရွာလည် ခေါင်ကအိမ်ကြီး
မီးမှောင်မှောင်နဲ့
ငိုက်မျဉ်းနေလေရဲ့...........

ကျုပ်ငယ်ငယ်က
တေးဟောင်းကြီးကို
လူပေါင်းများစွာက လိုက်ဆို
ဟိုး    တောင်မှာမိုးညိုလို့
မောင့်ပျိုးခင်း
ရေစို ပါ့မလား.....

တောင်နှင့်မြောက်
မသိခင်က
နားထင်မှာချိုဝင်ပေါက်
အမြီးမြှောက်ပြီး လျှောက်ပြေး
ကလေးလေးတွေကိုလည်း
ပြောပြပါကွယ်.......
နေကိုမျှော်ပြီး
လှေ မလှော်ရင်
ကမ်းကို ဘယ်လိုမြင်မလဲ......

သည်တစ်ခေါက်တော့
သည်လောက်ပါဘဲ ဖိုးသာအောင်
ပြောချင်တာတွေ များပေမယ့်
ရင်ထဲမှာ ခါးခါးလာလို့
ဘကြီးမှုန် နားပါရစေဦး.......။


အပြည့်အစုံသို့