(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဘကြီးမှုန် မှာတမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဖိုးသာအောင်ရေ...
ခေါင်းပေါင်းစတွေ
တထောင်ထောင်နဲ့
ရွာလည် ခေါင်ကအိမ်ကြီး
မီးမှောင်မှောင်နဲ့
ငိုက်မျဉ်းနေလေရဲ့...........

ကျုပ်ငယ်ငယ်က
တေးဟောင်းကြီးကို
လူပေါင်းများစွာက လိုက်ဆို
ဟိုး    တောင်မှာမိုးညိုလို့
မောင့်ပျိုးခင်း
ရေစို ပါ့မလား.....

တောင်နှင့်မြောက်
မသိခင်က
နားထင်မှာချိုဝင်ပေါက်
အမြီးမြှောက်ပြီး လျှောက်ပြေး
ကလေးလေးတွေကိုလည်း
ပြောပြပါကွယ်.......
နေကိုမျှော်ပြီး
လှေ မလှော်ရင်
ကမ်းကို ဘယ်လိုမြင်မလဲ......

သည်တစ်ခေါက်တော့
သည်လောက်ပါဘဲ ဖိုးသာအောင်
ပြောချင်တာတွေ များပေမယ့်
ရင်ထဲမှာ ခါးခါးလာလို့
ဘကြီးမှုန် နားပါရစေဦး.......။


13 မှတ်ချက်:

  1. AH Says:

    ကြိုက်ပါ့ ဘကြီးမှုံ၊
    နေကိုမျှော်ပြီး
    လှေ မလှော်ရင်
    ရေစီးကြောင်းထဲ တစ်ဝဲလည်လည်ပေါ့....

  1. စံပယ်ချို Says:

    ခေါင်းပေါင်းစတွေ
    တထောင်ထောင်နဲ့
    ရွာလည် ခေါင်ကအိမ်ကြီး
    မီးမှောင်မှောင်နဲ့
    ငိုက်မျဉ်းနေလေရဲ့--------
    နေကိုမျှော်ပြီး
    လှေ မလှော်ရင်
    ကမ်းကို ဘယ်လိုမြင်မလဲ.-----တဲ့လား
    ၀ါး-----ကောင်းလိုက်တာ
    ဘယ်သူလဲကွဲ့
    ဘကြီးမှုံပဲ အကဲမစမ်းနဲ့ ဟဲဟဲ

  1. စံပယ်ချို Says:

    မေ့လို့.....ဘယ်အချိန်ကစပြီးမှုံသွားတာတုန်းကွဲ့
    မဂျက်မျက်မှန်ယူမလားလို့မေးမလို့ပါ

  1. ကိုရင် Says:

    အင်း..မစရသေးဘူး နားအုံးမယ်တဲ့..
    ခက်တယ် :D

  1. Unknown Says:

    တစ်ခါဖတ်တယ် ၁ မိနစ် ???
    သေချာထပ်ဖတ်တယ် ၁၀ မိနစ် ;0
    ဘာအတွက်လည်း စဉ်းစားတယ် မိနစ် ၃၀း)
    .... နေကိုပဲမျှော်ပြီး လှေမလှော်တဲ့
    သူတွေရေ တောင်မှာမိုးညိုလို့မောင်တို့ပျိုးခင်း
    ရေမစိုမှန်းသိလျှင် ပျိုးခင်ကိုတောင်ဘက်ရွှေ့ဖို့လည်း
    မတက်နိုင်ခဲ့လျှင်..ငါတို့တွေ ရှီသမျှခွန်အားနဲ့ပဲ
    ရေတွင်း တူးလိုက်ကြ ဆိုလားကွယ်...

    ဟိဟိ ဂွတ်တယ်ဘဘကြီးမှုံရေ
    “အတ္တာဟိအတ္တနော...(ငါထော)” ;p

  1. လွင်ပြင်လှိုင်းငယ် Says:

    ဘကြီးမှုံရေး ကဗျာလေးက ကောင်းလိုက်တာ

  1. ပဥာက် Says:

    ဘကြီးမူံ..ဒီအကြောင်းတွေပြောရရင်..ပြောမပြောချင်ပေါင်တောသုံးထောင်ပေါ့ဗျာ..လေးနတ်တဲ့ဆိုလိုရင်းကို ကဗျာလှလှလေးနဲ့ဖု့းအောက်သွားတာ..ချီးကျူးပါရဲ့လေ။

  1. mstint Says:

    အဲ .. ဘကြီးမှုံရဲ့ အရည်အချင်းတွေ ကြာလေ သိလာရလေပါလားနော်။ ကဗျာကောင်းလေးလိုချင်ရင် အကူအညီတောင်းဘို့ နေရာတစ်နေရာတော့တိုးလာပြီး)
    စတာပါကွယ် နောက်တစ်ခေါက် မလေးလာလည်အုံးမှာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. Snow May Says:

    အဓိပ္ပာယ်အပြည့်ပဲ.. အရမ်းကောင်းတယ် လေ့လာရမယ့် ဆရာတစ်ယောက်တော့ တိုးလာပြီ

  1. ကြည်ဖြူခင်ခင် Says:

    နေကိုမျှော်ပြီး
    လှေ မလှော်ရင်
    ကမ်းကို ဘယ်လိုမြင်မလဲ...... တဲ့.. သိပ်ကောင်းတဲ့ စာလေးတွေပဲ..

  1. ကိုကိုမောင်(ပန်းရနံ့) Says:

    ဘကြီးမှုန်တို့ကတော့ ဒီလိုကိစ္စ ပြောရင် မောတတ်လိုက်တာ လွန်ရော။
    ဟို နေညိုရိုးမှ လိုမျိုး ကိစ္စပြောရင်တော့ နေ့မအား ညမနားဘဲ။း)

  1. ချစ်သူမောင် Says:

    ညီလေး မှုန် အဲ အဲလိုခေါ်လိုက်ယင်အစ်ကိုက ဘကြီးဂိုဏ်းဝင်
    သွားမယ်အဲဒီတော့
    ဘကြီးမှုန်ရေ ကြိုက်တယ်လို့ပဲပြောချင်တယ်

    ခင်မင်လျှက်
    ချစ်သူမောင်

  1. နွေတေးရှင် (မင်းဧရာ) Says:

    ကျွန်တော် ပြင်လိုက်ပါပြီ အစ်ကိုတို့ အစ်မ တို့ရေ.... ကွန်မန့်လေးနဲ့ ပြင်ပေးသွားကြတာ ကျေးဇူးပါဗျာ။