(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

အခါလွန်မိုး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

စိမ်းရွက်ကြိုကြား
သူခိုနား၍
ကျွမ်းမြေ့ ရင်တွင်း
ညအဆင်းလည်း
လမင်းအရောင် ခါးခဲ့ပြီ ။

*******************************

ရွက်ကျန်ရာသီ
ရော်လေသည်နောက်
မေးထောက်တောင်စွယ်
လွမ်းရောင်ခြယ်မှုန်း
သီကာကုံးလည်း
ကြော့ဆုံးသူ့ထံ
ဆင့်ရန် အခွင့်မရှိပြီ ။

********************************

လိပ်ပြာငယ်သိမ်
အတွေးအိမ်လည်း
ကွန့်ချိန်မစွမ်း
ကဗျာ ပန်းတို့
ညစ်နွမ်း၍သာ နေတော့သည် ။


*********************************

အခုရက်ပိုင်းမှာ
ဘာမှမရေးနိုင်ခဲ့ဘူး ဒါကြောင့်
ကဗျာတိုလေးတွေ စုပြီး တင်ထားလိုက်မိတယ်ဗျာ  ။


အပြည့်အစုံသို့