(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)
Showing posts with label တမ်းတခြင်း ကဗျာ. Show all posts
Showing posts with label တမ်းတခြင်း ကဗျာ. Show all posts

တမ်းတခြင်း၏ အပိုင်းအစများ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိုးတက်ခြင်းဆိုတဲ့ စကားက
အသိတရားကို တံခါး ခေါက်တော့
ကျွန်တော်ရဲ့ နံနက်ခင်းအောက်မှာ
ကြက်တွန်သံတွေ ပျောက်ခဲ့တယ်။

နေမ၀င်ခင် မီးတွေလင်းတော့
ညနေခင်းကလည်း  အကျဉ်းတန်
ကျေးငှက်တို့ အိပ်တန်းအပြန်ကို
ကျွန်တော် မမြင်ရပြန်ဘူး အမေ။

ချမ်းတဲ့အခါ ခြုံရအောင်
နွေခေါင်ခေါင်မှာ ဂွမ်းတွေဖတ်
''မမ''ခတ်ပေးတဲ့ ဖျင်စောင်
အခု သားကိုလှောင်နေတယ်။

မြေနံ့သင်းသင်း နဲ့
လေညှင်းကို ရှူရှိုက်
စပါးခင်း တစ်ဝိုက်က
ရွာရဲ့ စရိုက်ကို လွမ်းတယ်။
 
အမေ သိရဲ့လား...
ရွက်ဖျားမှာ နှင်း တွေသီးရင်
အဖေ တီးတဲ့ မယ်ဒလင် အောက်မှာ
သား သီချင်းတစ်ပုဒ်လောက်  ဆိုချင်တယ်။


အပြည့်အစုံသို့