ကျွမ်းမြိုက်လောင်ဆူ
ရင်၌ပူ လို့
ကျူကျူဟစ် ကြွေး
ပိုက်ထွေးသောက
ထိုနွေညလည်း ကျန်ခဲ့ပြီ ။
ဝေ့သီမျက်ဝန်း
သောကစွန်း လို့
နွေကျွန်းအလည်
အလွမ်းသည် ပင်
ဆိတ်ကွယ် သံတိုး
ဤမြူခိုးနဲ့
ခပ်တိုးတိုးသာ ဝေတော့၏ ။
မျောလွင့်ရှည်ကြာ
ရော်ရွက်ဝါ နှင့်
ဒဏ်သင့် အတူ
မျက်ရည်ပူလည်း
အက်ကွဲခန်းခြောက်
ခြေရာဖျောက်လို့
ကွယ်ပျောက်ငုံ့လျှိုး
ထိုညဆိုး မှ
သောက တစ်ရေးနိုးခဲ့ချိန် ။
29 June 2013 at 04:31
သောက လွန်မြောက်
တစ်မိုးသောက် ၍
ထွန်းတောက်ရှာသည်
ထိုနေခြည် နှင့်
ပွင့်သည့်မြတ် ပန်း
သခင်နမ်းဖို့ ရည်ခဲ့သည် ။
29 June 2013 at 05:57
ဒဏ်ရာလို့..အမည်တပ်ရမှာလား..ဘမူံ။သတိရခြင်းတွေ၊ လွမ်းမောခြင်းတွေထဲမှာ သိမ်းပိုက်လိုစိတ်တွေကင်းကင်းနဲ့..
ချစ်ခြင်းတရားကို မေတ္တာနဲ့ရောစပ်...
နွေညပဲဖြစ်ဖြစ်၊ဆောင်းညပဲဖြစ်ဖြစ်၊မိုးညပဲဖြစ်ဖြစ်...
ကြည်နူးစရာပါ။
အဆိုးပဲဖြစ်ဖြစ်၊အကောင်းပဲဖြစ်ဖြစ်၊ အ၇င်လိုချိန်တွေလို
ကမူးရှူးထိုးသွေးဆူလွယ်တဲ့စိတ်ရဲ့စေတသိတ်တွေက
ရုန်းထွက်..အခုတော့ တည်တည်ငြိမ်ငြိမ် လက်ခံရဲ
လာပြီ။ကျနော် ကတော့ လိုက်မိုက်ချင်တော့ဘူးဘမူံ။
မြတ်နိုးခြင်းကို မြတ်နိုးခြင်းလို့၊ လွမ်းမောခြင်းကိုလွမ်းမောခြင်းလို့၊ချစ်ခြင်းတရားဟာ ချစ်မေတ္တာတရားလို့ပိုပြီး နားလည်လာပြီ။ချစ်တဲ့စိတ်တခုနဲ့ပွေ့ဖတ်ထားရုံနဲ့ကျနော်တို့တွေ မလုံလောက်တော့ဘူးလေ။ ဘမူံ..ခင့်အပေါ်
ချစ်ခြင်းတွေအပြင် မေတ္တာ၊အကြင်အနာ၊ဂရုဏာ၊တန်ဖိုးထားမြတ်နိုးတတ်တဲ့တရားတွေရောစပ်လိုက်..။
29 June 2013 at 09:26
သောက ကနေ တရေးနိုးပြီဆိုတော့ ဒါဝမ်းသာစရာပေါ့နော် ဘမှုန် :D
1 July 2013 at 05:40
လက်ရည် သိသိသာသာ တက်လာတယ်...တစ်ပုဒ်ပြီး တစ်ပုဒ် ပိုသိသာလာသလိုပဲ...စကားလုံးတွေ အတော်ကို နုသစ်လာတာ သတိထားမိတယ်...
ခေါင်းစဉ်လည်း လှပါဘိ...ငယ်ငယ်က နားထောင်ဖူးတဲ့ ကက်ဆက်ဇာတ်လမ်း ကောက်ပင်တရေးနိုး ကိုတောင် ပြန်သတိရသွားတယ်...ဒါပေမယ့် သည်တရေးနိုးကတော့ ကောင်းသောနိုးခြင်းဆိုတာ သေချာသပါ့ ကဧရာ...
ကဗျာကို ပြန်ဖတ်ရင်း ကိုယ့်ကဗျာဗီဇလေးတောင် ပြန်နွေးလာသလိုပဲ...ကျေးဇူး...
1 July 2013 at 15:10
အလို. ဖတ်ရင်းနဲ့ကို ဆွေးသွားတယ် ဘမှုံ...
2 July 2013 at 10:50
သောက ညတွေကနေ
လုံးဝနိုးထနိုင်ပါစေ အကို
4 July 2013 at 04:13
ကဗျာလေးကော ကဗျာခေါင်းစဉ်ကလေးကော သိပ်ကို လှတယ်။
6 July 2013 at 00:28
ကဧရာရဲ့ ကဗျာလေးတွေ အင်အား အတော်ကောင်းလာတယ်။ မပျောက်ပျက်စေနဲ့ ကဧရာရေ။ တစ်နေ့နေ့ အသုံးဝင်လာနိုင်တယ်။
6 July 2013 at 02:45
ကွန်မင့်ပေးထားမိသလားလို့။ သူ့ခမျာလဲ အခြေအနေအရ ထွက်ပြေးသွားပုံရတယ်။း)
6 July 2013 at 03:13
8 July 2013 at 00:54
ကဗျာတိုင်း လွမ်းဆဆကလေးနဲ့ တွေ့နေရတယ်.. တကယ်ကောင်းပါတယ်..
9 July 2013 at 23:16
ဝေ့သီမျက်ဝန်း
သောကစွန်း လို့
နွေကျွန်းအလည်
အလွမ်းသည် ပင်
ဆိတ်ကွယ် သံတိုး
ဤမြူခိုးနဲ့
ခပ်တိုးတိုးသာ ဝေတော့၏ ။
ကဗျာလေးက အသံထွက်ရွတ်လို့တော်တော်ကောင်းတယ်။
12 July 2013 at 06:28