မာနအချို့ကို နံရံချိတ်
မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့ ငါ
ခြေထောက်မပါတဲ့ ဒီစိတ်
ဘယ်သူတံခါး ပိတ်ပေးမလဲ။
တစ်ခါတစ်ခါ
ငါ့ ကိုယ် ငါ သနားရင်း
ကမ်းခိုခြင်းမရှိတဲ့ လေပြေလို
စက္ကန့်တွေ သက္ကရာဇ်ကိုဖြိုတော့
သူ့အလိုလို ပြိုခဲ့သော အတိတ်
တရိပ်ရိပ်နဲ့ ပြည့်သိပ်လာတဲ့ အိတ်ကလေး
လွယ်...လွယ်ရင်း လေးလာတော့
အရောင်ဖြော့ဖြော့ ဆည်းဆာမှာ
ကွန်ခိုရာကို ရှာမိတယ်။
ချိုမြိန်မြိန် တေးတစ်စနဲ့
လက်ချိုးပြီး က တဲ့အရွယ်
ဘ၀ ကိုနိဒါန်းသွယ်တော့
ဘာသာပြန်ဖို့မလွယ်တဲ့ အသိတရား
လှိုင်းရိုက်ပါများတဲ့ ကမ်းပါးလို
နာကြင်မှု့ကြောင့် မငိုတော့ဘူး။
ကောက်ကွေ့သော ခရီးတစ်လျှောက်
ထိုးဖေါက်မယ့် အင်အားက
ညှို့တင်ထားတဲ့ မြှားလို
ဦးတည်ရာကို ထိုးစိုက်
ရတုတစ်ခု ဆိုက်တဲ့အရွယ်
ငါ့ အတွေးတွေ ကြွယ်ခဲ့တယ်။
အပြည့်အစုံသို့