(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဦးမာဃသို့ ပို့သောစာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


တိမ်ညိုရည်မှောင်
လေပြေဆောင်စဉ်
မာန်စောင်ထစ်ချုန်း
ရွှေပြည်ဖုံးမျှ
ဘယ်အမုန်းကြောင့် ရွာသနည်း ။
 
စိမ်စိုသစ်လွင်
သည်လွင်ပြင်မှာ
ကန်ရေလည်းပြာ
ပျိုးလည်းသာ၍
စဲပါခဏ
တောင်းပန်ရသည်
ဦးမာဃ သို့ပို့သော စာ ။   
 

အရင်ဘလောဒ့်ဟောင်းက ကဗျာလေးပါဗျာ
အတွေးထဲ ပေါ်လာတုန်း ပြန်တင်လိုက်တာ။

 


အပြည့်အစုံသို့