(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆယ့်ကိုးဂျူလိုင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မျက်ဝန်းကိုမှိတ်
အေး အရိပ်၌
ချွေးသိပ်ပါဦး
ပန်းကုံးပန်းဆိုင်
အခိုင်ခိုင်နှင့်
သွန်းဖြိုင်ကာဖြိုး
ထီးဖြူမိုး၍
တိမ်ခိုးဦးခိုက်
သူလည်းရှိုက်၏
မှောင်မိုက်လှသည့်နေ့ပါတကား။

တူသားမောင်မယ်
အသွယ်သွယ်ဆင့်
ရှူ့ ချင့်ပါဦး
သူ့ပခုံးသည်
ဝန်စည်စလွယ်
အထည်ထည်နှင့်
မဖယ်မရုန်း
ကြယ်တစ်ကုံးကို
အဆုံးသီပေးနိုင်ခဲ့၏။
 
ထိုသူခြယ်မှုန်း
ကြယ်တစ်ကုံးညီ
မပြေမလျော့
ညွှတ်ကော့နေအောင်
ဝန်ဆောင်ထမ်းရွက်
လွှဲအပ်ပခုံး
သက်ကြွေပြုန်းသည်
အဆုံး ဆယ့်ကိုးဒီဂျူလိုင်။


4 မှတ်ချက်:

  1. Cameron Says:


    ဗိုလ်ချုပ်အမှတ်တရကဗျာလေးနဲ့ ဘလော့ကိုဖုန်လာခါတာပေါ့လေ…း)

  1. မောင်သီဟ Says:

    လွမ်းစရာ နှမြောတသဖြစ်စရာအကောင်းဆုံး ခေါင်းဆောင်ကြီးတွေပေါ့ ဇူလိုင်၁၉ရက်နေ့မှာဝမ်းနည်းစရာအကောင်းဆုံးအဖြစ်ပျက်တွေအဖြစ်နဲ့ အသက်ပေးစတေးသွားခဲ့ကြရတာာာ


    ခေတ်သစ်မှာ စစ်ယူနီဖောင်းဝတ်တချို့ ကတော့ အလေးပြုဦးညွတ်ဖို့တောင် လိပ်ပြာလုံပုံမပေါ်ဖူးလေ

  1. မိုးညချမ်း Says:

    19 July ရဲ့ မနက် 103း7 ရောက်ရင်ဖြင့် အလိုလိုကို မတ်တပ်ရပ် အလေးပြုပြီးသား ဥသြသံကြားရင်ကို ကြက်သီးတွေ တဖြန်းဖြန်းနဲ့ ... မမေ့နိုင် မမေ့အပ်သော ဆယ့်ကိုး ဇူလိုင် ကဗျာလေးကို အပြေးလေး လာဖတ်မိ ...

  1. Momo4d Says:

    Thanks for your article brother

    Http://bk8login.asia
    Http://hoki88.shop
    Http://vodkapoker.one
    Http://momo4d.bid