undefined
undefined
တိတ်တိတ်လေးရေးခဲ့တယ် တိုးတိုးလေးဖတ်ပါ
Posted by: နွေတေးရှင် (မင်းဧရာ) / Category: ကဗျာအမျက်ဖြေနေရင်းပါဘဲ
ထပ်ဝေခြင်း ပွင့်ဖတ်အချို့
မျက်ရည်စို့စို့ အသဲကလည်း
မာနတချို့ကို ခဲထားရင်း
ကွေကွင်းခြင်း လမ်းအထက်
လှမ်းတက်တတ်တဲ့ စိတ်ခြေလှမ်းနဲ့
ကျွန်တော် တိတ်တိတ်လေး တမ်းမိတယ်။
အပြာရောင် ဆေးတစ်စက်နဲ့
အိပ်မက်ကို အနားကွပ်ရင်း
ပြယ်လွင့်ခြင်း တိမ်တိုက်လို
ရှိုက်ငိုခဲ့သော အနာဂါတ် မှာ
ကွဲအက်ခဲ့တဲ့ အသဲက
တစ်ချပ်တည်း မဟုတ်ဘူး။
အတ္တကို ရှေ့တန်းတင်ချင်ရင်
အမှန်တရားကို အရင်ကြည့်
သမာဓိမရှိတဲ့ ခုံရုံးမှာတော့
ကျွန်တော် ဘ၀ ဆုံးဖူးတယ်။
အပြည့်အစုံသို့