(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

တိတ်တိတ်လေးရေးခဲ့တယ် တိုးတိုးလေးဖတ်ပါ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

အမျက်ဖြေနေရင်းပါဘဲ
ထပ်ဝေခြင်း  ပွင့်ဖတ်အချို့
မျက်ရည်စို့စို့ အသဲကလည်း
မာနတချို့ကို  ခဲထားရင်း
ကွေကွင်းခြင်း  လမ်းအထက်
လှမ်းတက်တတ်တဲ့  စိတ်ခြေလှမ်းနဲ့
ကျွန်တော် တိတ်တိတ်လေး တမ်းမိတယ်။

အပြာရောင်  ဆေးတစ်စက်နဲ့
အိပ်မက်ကို  အနားကွပ်ရင်း
ပြယ်လွင့်ခြင်း  တိမ်တိုက်လို
ရှိုက်ငိုခဲ့သော  အနာဂါတ် မှာ
ကွဲအက်ခဲ့တဲ့  အသဲက
တစ်ချပ်တည်း  မဟုတ်ဘူး။

အတ္တကို  ရှေ့တန်းတင်ချင်ရင်
အမှန်တရားကို  အရင်ကြည့်
သမာဓိမရှိတဲ့   ခုံရုံးမှာတော့
ကျွန်တော်  ဘ၀  ဆုံးဖူးတယ်။


19 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးမှား မှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။

  1. သူကြီးမင်း (တုံးဖလား) Says:

    .........................
    ......................
    .................

    တိုးတိုးလေးဘဲ ဖတ်သွားပါတယ်။း)

  1. ကိုရင် Says:

    ကွဲအက်ခဲ့တဲ့အသည်းက တစ်ချပ်တည်းမဟုတ်ဘူးဆိုတော့ကာ
    ဘယ်နှစ်ချပ်ရှိပြီတုန်း..ဆရာသမားရဲ့..

  1. Candy Says:

    အစ်ကိုရေ... တိတ်တိတ်လေးလာတယ်.. တိုးတိုးလေးဖတ်ပြီး.. ဘယ်သူမှမသိအောင် မန့်သွားတယ် ဟိဟိ
    ငါ့အစ်ကိုအသည်းက အလွှာများပုံပဲ ခုခေတ်တိုက်တွေလိုလေ..
    နောက်အသည်းတချပ် မကွဲပါစေနဲ့လို့.. :D

  1. မဒမ်ကိုး Says:

    ဟားးးကောင်းလိုက်တဲ့ကဗျာ
    တကယ်ထိတယ် မင်းဧရာရေ တကယ်တကယ်း)

  1. မိုးဇက် Says:

    ...........
    တိတ်တိတ်လေးဖတ်ပေမယ့်
    တိတ်တိတ်လေးခြေရာကျန်ခဲ့တာ
    ကိုယ်လဲမသိရန်ကော

  1. mstint Says:

    ကဗျာကောင်းလေးကို အသံမထွက်ပဲ ဖတ်သွားတယ် မောင်မင်းဧရာရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. Angelhlaing(May everybody be happy and healthy! Says:

    တစ်ကယ်ကို တိုးတိုးလေး ဖတ်သွားတယ်မောင်လေး....:):)

  1. Han Kyi Says:

    သမာဓိမရှိတဲ့ ခုံရုံးမှာတော့ ဘယ်သူမဆိုရှုံးမှာပါပဲလေ...တိုးတိုးလေးမဖတ်တတ်လို့ ကျယ်ကျယ်လေး ခံစားသွားလိုက်တယ်...

  1. Unknown Says:

    ရှယ်ပဲ ဗျာ ကဗျာကောင်း လေးမို့
    ခံစားသွားပါကြောင်း
    ခင်မင်လေးစားလျှက်
    (ဒုတိယ)

  1. အဖြူရောင်နတ်သမီး Says:

    တိုးတိုးလေးဖတ်သွားတယ်...

  1. ဘိုဖြူ Says:

    ကျွန်တော်တို့ဆီမှာလဲ မတက်ပါလား
    တော်သေးတယ်ရောက်လာလို့နော်
    ကွဲအက်ခဲ့တဲ့ အသဲက
    တစ်ချပ်တည်း မဟုတ်ဘူး.....ဘယ်နှစ်ချပ်လဲအကိုရေ

  1. စံပယ်ချို Says:

    တိတ်နေပါတယ်ထင်နေတာနော်
    သူက အသဲ
    တစ်ချပ် ကွဲတဲ့ စာတမ်းပြုစုနေတာကိုး----------------

  1. ပဥာက် Says:

    အတ္တကို ရှေ့တန်းတင်ချင်ရင်
    အမှန်တရားကို အရင်ကြည့်
    သမာဓိမရှိတဲ့ ခုံရုံးမှာတော့
    ကျွန်တော် ဘ၀ ဆုံးဘူးတယ်။ ကောင်းတယ်ဘကြီးမူံ

  1. ဆူးသစ် Says:

    ပွင့်ဖက် မဟုတ်ဘူးညီလေး။ ပွင့်ဖတ်ပါ။ မျက်ရည်စို့စို့ ပါညီလေး။ ဆို့ဆို့ မဟုတ်ပါဘူး။ ရင်ဆို့တာ၊ ပိတ်ဆို့တာကမှ ဆလိမ်ဆို့ပါ။ ဆုံးဖူးတယ် ပါညီလေး။ ဖဦးထုပ် ဖူးက လုပ်ဖူးကိုင်ဖူးတာကိုပြောတာပါ။ ဘုရားဖူး လည်းရတယ်။ ဘကုန်း ဘူးကတော့ မသိ၊မရှိ ဆိုတာတွေအတွက် ဘူးပါ။ ရှိုက်ငိုခဲ့သော အနာဂတ်မှာဆိုတာက စာဟန်ဖြစ်သွားတယ်။ ညီလေး တောက်လျှောက်ရေးလာတဲ့ ကဗျာ Flow က စကားပြောဟန်ပါ။ အဲဒါ သတိထားပါ။ ရှိုက်ငိုခဲ့တဲ့ အနာဂတ် ဆိုတာက ပိုဖြစ်သင့်တာပါ။ ကဗျာကတော့ အသည်းကွဲနေတယ်လို့ နားလည်ခံစားလို့ရပါတယ်။ လက်ရာတွေတော့ တက်နေတယ်ညီလေး။ ဆက်လုပ်ပါ။

  1. ဆူးသစ် Says:

    Happy New Year!

  1. နွေတေးရှင် (မင်းဧရာ) Says:

    ကျေးဇူးအထူးပါ အကိုကြီး ကျွန်တော် ပြင်လိုက်ပြီနော်။

    နှစ်သစ်မှာ အကိုလည်း ပျော်ရွှင်ပါစေဗျာ။

  1. Thwin Says:

    တိတ်တိတ် လေး ရေးပြီး တိုးတိုးလေး ဖတ်ခိုင်းတာ သူ့ ရဲ့ တစ်ချပ်မက ကွဲ ခဲ့ တဲ့ အသည်း တွေ လူသိမှာ စိုးတာကိုး...။

  1. နွေတေးရှင် (မင်းဧရာ) Says:

    အဲသည် လိုလည်း မဟုတ်ပါဘူးဗျာ မသွင် ရေ ။