(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ရတု တစ်ခုအလွန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မာနအချို့ကို နံရံချိတ်
မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့  ငါ
ခြေထောက်မပါတဲ့ ဒီစိတ်
ဘယ်သူတံခါး ပိတ်ပေးမလဲ။

တစ်ခါတစ်ခါ
ငါ့ ကိုယ် ငါ သနားရင်း
ကမ်းခိုခြင်းမရှိတဲ့   လေပြေလို
စက္ကန့်တွေ  သက္ကရာဇ်ကိုဖြိုတော့
သူ့အလိုလို  ပြိုခဲ့သော အတိတ်
တရိပ်ရိပ်နဲ့    ပြည့်သိပ်လာတဲ့ အိတ်ကလေး
လွယ်...လွယ်ရင်း   လေးလာတော့
 အရောင်ဖြော့ဖြော့  ဆည်းဆာမှာ
 ကွန်ခိုရာကို  ရှာမိတယ်။

ချိုမြိန်မြိန်  တေးတစ်စနဲ့
လက်ချိုးပြီး က တဲ့အရွယ်
ဘ၀  ကိုနိဒါန်းသွယ်တော့
ဘာသာပြန်ဖို့မလွယ်တဲ့  အသိတရား
လှိုင်းရိုက်ပါများတဲ့  ကမ်းပါးလို
 နာကြင်မှု့ကြောင့်  မငိုတော့ဘူး။

ကောက်ကွေ့သော ခရီးတစ်လျှောက်
ထိုးဖေါက်မယ့်   အင်အားက
ညှို့တင်ထားတဲ့    မြှားလို
ဦးတည်ရာကို   ထိုးစိုက်
ရတုတစ်ခု    ဆိုက်တဲ့အရွယ်
ငါ့  အတွေးတွေ   ကြွယ်ခဲ့တယ်။


11 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးများမှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။

  1. Angelhlaing(May everybody be happy and healthy! Says:

    မာနအချို့ကို နံရံချိတ်
    မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့ ငါ
    ခြေထောက်မပါတဲ့ ဒီစိတ်
    ဘယ်သူတံခါး ပိတ်ပေးမလဲ။...
    လှတယ်မောင်လေးရေ...
    ခံစားအားပေးလျှက်..

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    ကဗျာလေးကိုဖတ်ရတာ အားမာန်လေး တစ်ခုခု ရလိုက်သလို ခံစားမိတယ်။

  1. မအိမ်သူ Says:

    "စက္ကန့်တွေ သက္ကရာဇ်ကိုဖြိုတော့
    သူ့အလိုလို ပြိုခဲ့သော အတိတ်
    တရိပ်ရိပ်နဲ့ ပြည့်သိပ်လာတဲ့ အိတ်ကလေး
    လွယ်...လွယ်ရင်း လေးလာတော့..."
    စာသားလေးတွေ အရမ်းလှတာပဲ...
    မင်္ဂလာနှစ်သစ်မှာ အောင်မြင်ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။
    မရောက်တာကြာသွားလို့ အရင်က ဖတ်ဖို့ အကြွေးတင်နေတဲ့ ကဗျာလေးတွေပါ ပြန်ဖတ်သွားတယ် မင်းဧရာရေ...း))

  1. ချစ်သူမောင် Says:

    ညီလေး
    ငွေရတုလွန်ပြီလား
    ဘာပဲဖြစ်ဖြစ်မွေးနေ့မှာပျော်ပါစေ

    ခင်တဲ့
    ချစ်သူမောင်

  1. သူကြီးမင်း (တုံးဖလား) Says:

    စိန်ရတုများ လွန်ခဲ့လေရော့သလား ဘိုးဘိုးမင်းဧရာ။း)

  1. Candy Says:

    ရတုတစ်ခု ဆိုက်တဲ့အရွယ်တဲ့..
    ဘာရတုလဲအစ်ကို ငွေလား.. ရွှေလား... စိန်လား :P :P :P

    ထုံးစံအတိုင်း အစ်ကိုကဗျာတွေက သိပ်ကောင်း :D

  1. ဆူးသစ် Says:

    စကားလုံးတွေလှတယ်ညီလေး။ ကြိုက်ပါတယ်။ အရွယ်တစ်ခုရောက်တော့ အသိတွေအများကြီးတိုးလာတာပေါ့ကွာ။ ရတု တဲ့လား။ လျှို့ဝှက်ထားတယ်။ ကောင်မလေးတွေသိမှာစိုးလို့ထင်တယ်။

  1. တောက်ပကြယ်စင် Says:

    ထိုးဖေါက်မယ့် အင်အားက
    ညှို့တင်ထားတဲ့ မြှားလို
    ဦးတည်ရာကို ထိုးစိုက်
    ..............................
    ဒကာတော် နွေတေးရှင်(မင်းဧရာ)ရေ Google ထဲကနေ ရှာပြီး ဆိုဒ်ပြန်ချိတ်ထားလိုက်ပါတယ်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

  1. မဒမ်ကိုး Says:

    အသက်တွေကြီးတာလူသိလိုက်တာကိုမင်ဧရာရယ်း))))))


    ခင်တဲ့

    မဒိုးကန်

  1. စံပယ်ချို Says:

    အေးလေဟယ် ဘ၀ က ၄၀ မှစတာပါဆိုနေမှပဲ
    ဟိုနေ့က ဘုန်းဘုန်းတာက်ထဲတွေ့လိုက်ပါတယ် လတ်လတ်ကြီးကို