နဒီခွေရာ
ဤ သေလာဦး
လေရူးငယ်သုန်
ကြည်စယ် ယုံမျှ
နားသယ်စ ခို
ရယ်သွမ်းသလို
နမ်းမလို ထင့်။
မရွံ့တရွံ့
ဖွဖွလွန့်လူး
တိမ်ဖူး ငယ်ရုံ
နံ့သာမှုံ ခြယ်
နမ်းစေရွယ် မင့်
မပြယ်လွင့်စေ
ချင့်ချင့် ခြွေစဉ်
ပျော်ဝင်လှိုက်ခို
ရွှန်းစိုစိုနှင့်
ရှက်သွေး ပျိုသော
ဆည်းဆာချိန် ။
Welcome Back !!!!
-
ကျနော့်ဘလော့ကို ပြန်ဖွင့်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် April
တစ်ရက်နေ့ဖြစ်နေတယ်... ။ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုဆိုတာ လောကမှာမရှိပါဘူး
လူတစ်ယောက်ဟာ ဘာပြ...
4 February 2012 at 07:43
အရေးအသားကိုက လူပျိုကြီးမှန်း သိပ်သိသာတာပဲ..:D
အဆုံးသတ်ထားလေး တော်တော် ကောင်းတယ်..
4 February 2012 at 10:08
ဖွဲ့ထားတာလေးက လှလိုက်တာ.. :D
4 February 2012 at 10:36
သူ့စာဖတ်ရတာ အတွင်းအားတွေ ကုန်ကုန်သွားတယ်။
ဒီလောက် နုရွနေတာ။ ကိုရင်ပြောသလို လူပျိုကြီးမှန်း သိသာတယ်။း)
5 February 2012 at 23:41
ရှက်သွေး ပျိုသော
ဆည်းဆာချိန် တဲ့လားငယ်ချင်းရေ
များတောင်လွမ်းချင်လာပြီနော် စာအကြွေးတွေလာဆပ်တာဗျို့
အပေါ်က သဂျီးရေ သူကျ လူပျိုကြီးမဟုတ်သလိုပါပဲလား
17 February 2012 at 03:04
ကျီစယ်တာပါညီလေး။ နည်းနည်းတော့ ထူးဆန်းနေတယ်။ သေသေချာချာဖွဲ့လာတယ်လို့ အစ်ကို သုံးသပ်မိတယ်။ စကားလုံးရွေးတာက တော်တော်အနုစိတ်လို့လေ။ ကောင်းတယ်။ ဆက်လုပ်။ လက်တွေတက်နေပြီ။ သေသေချာချာခံစားရရင် လွှတ်လိုက်တော့။