(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

နွေ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငွေနှင်းမှုန်ခမ်း
တပေါင်းလမ်းက
ရွက်နွမ်းကိုပွေ့
ကျွမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ခြယ်မှုန်း
ရင်ဝယ်နုံးလျှင်
ကြော့ဆုံးဘယ်သို့ ဖြေပေမည်

ရာသီရွေ့လျား
မြူဇာပါး နှင့်
ပိုင်းခြားကာရံ
မောင့်အသံကို
ကြားရန်မဆင့်
နားယံ သင့်က
ရင်မှဥသြဖြေပါမေ

သည်းကြွေပျက်ပြုန်း
တွန်စေဦးလို့
အဆုံးရင်ကွဲ 
နွေပြန်ထဲ ၌
 ထွေးပိုက်စေရာ
ဝေဒနာကို
ပြေရာဘယ်သို့ ဆုမခြွေ ။
 ( သည်နွေ ဘယ်မျှရှည်စေတော့  )





7 မှတ်ချက်:

  1. ပဥာက် Says:

    သဝေထိုးတွေက ဘယ်သွားသဝေထိုးနေလို့ ပါမလာတာတုန်း...>>.<...။

  1. နွေတေးရှင် (မင်းဧရာ) Says:

    ဟုတ်ပါ့ တပေါင်းလမ်း လို့ရေးတာ ကျန်နေခဲ့တယ် ဗျာ့ ညမှ ပြန်ပြင်ပေးလိုက်မယ် ကိုဖိုးစိန် ။

  1. သွင် Says:

    သည်နွေခရီး လမ်း ကြမ်းလည်းတူတူ
    နှင်းခန်းပါစေ တူတူ ကြွေမယ် နော်။

  1. Cameron Says:

    နွေကဗျာလေးလာအားပေးပါတယ် ဘ...။

  1. Aunty Tint Says:

    ကဗျာကောင်းလေးတွေ ပြန်ဖတ်ခွင့်ရလို့ ၀မ်းသာပါတယ် မင်းဧရာရေ... စကားမစပ် တဂ်ပို့စ်အတွက် ရင်လေးမိပါရဲ့ ... :P

    မေတ္တာဖြင့်
    တီတင့်

  1. မောင်သီဟ Says:

    နွေကဗျာနွမ်းသလိုထင်ရအောင် အပြင်မှာလဲပူတယ် ကဗျာဆရာရေ... ပူတယ်
း) နွေသရုပ်ပေါ်လွင်ပါပေတယ်ဗျာ

  1. စံပယ်ချို Says:

    နွေဦးရဲ့ တနေ့ ဖတ်လိုက်မိတဲ့
    နွေ ကဗျာ ရင်ထဲကိုထူးခြားစွာဝင်ရောက်
    ရှိရင်းစွဲ အလွမ်းတွေ ကွယ်ပျောက်သလားထင်ရတယ်။