(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

သောက တစ်ရေးနိုး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ကျွမ်းမြိုက်လောင်ဆူ
ရင်၌ပူ လို့ 
ကျူကျူဟစ် ကြွေး
ပိုက်ထွေးသောက
ထိုနွေညလည်း ကျန်ခဲ့ပြီ ။

ဝေ့သီမျက်ဝန်း
သောကစွန်း လို့ 
နွေကျွန်းအလည်
အလွမ်းသည် ပင် 
ဆိတ်ကွယ် သံတိုး
ဤမြူခိုးနဲ့
ခပ်တိုးတိုးသာ ဝေတော့၏ ။

မျောလွင့်ရှည်ကြာ
ရော်ရွက်ဝါ နှင့်
ဒဏ်သင့် အတူ
မျက်ရည်ပူလည်း
အက်ကွဲခန်းခြောက်
ခြေရာဖျောက်လို့
ကွယ်ပျောက်ငုံ့လျှိုး
ထိုညဆိုး မှ
သောက တစ်ရေးနိုးခဲ့ချိန် ။


အပြည့်အစုံသို့