(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆယ့်ကိုးဂျူလိုင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မျက်ဝန်းကိုမှိတ်
အေး အရိပ်၌
ချွေးသိပ်ပါဦး
ပန်းကုံးပန်းဆိုင်
အခိုင်ခိုင်နှင့်
သွန်းဖြိုင်ကာဖြိုး
ထီးဖြူမိုး၍
တိမ်ခိုးဦးခိုက်
သူလည်းရှိုက်၏
မှောင်မိုက်လှသည့်နေ့ပါတကား။

တူသားမောင်မယ်
အသွယ်သွယ်ဆင့်
ရှူ့ ချင့်ပါဦး
သူ့ပခုံးသည်
ဝန်စည်စလွယ်
အထည်ထည်နှင့်
မဖယ်မရုန်း
ကြယ်တစ်ကုံးကို
အဆုံးသီပေးနိုင်ခဲ့၏။
 
ထိုသူခြယ်မှုန်း
ကြယ်တစ်ကုံးညီ
မပြေမလျော့
ညွှတ်ကော့နေအောင်
ဝန်ဆောင်ထမ်းရွက်
လွှဲအပ်ပခုံး
သက်ကြွေပြုန်းသည်
အဆုံး ဆယ့်ကိုးဒီဂျူလိုင်။


အပြည့်အစုံသို့

နွေ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငွေနှင်းမှုန်ခမ်း
တပေါင်းလမ်းက
ရွက်နွမ်းကိုပွေ့
ကျွမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ခြယ်မှုန်း
ရင်ဝယ်နုံးလျှင်
ကြော့ဆုံးဘယ်သို့ ဖြေပေမည်

ရာသီရွေ့လျား
မြူဇာပါး နှင့်
ပိုင်းခြားကာရံ
မောင့်အသံကို
ကြားရန်မဆင့်
နားယံ သင့်က
ရင်မှဥသြဖြေပါမေ

သည်းကြွေပျက်ပြုန်း
တွန်စေဦးလို့
အဆုံးရင်ကွဲ 
နွေပြန်ထဲ ၌
 ထွေးပိုက်စေရာ
ဝေဒနာကို
ပြေရာဘယ်သို့ ဆုမခြွေ ။
 ( သည်နွေ ဘယ်မျှရှည်စေတော့  )





အပြည့်အစုံသို့