ပစ္စုပ္ပန် ရက်ကြေကို ခင်း
သလင်းပျက်ကြီး အတွင်းမှာ
ကသောင်းကနင်း အစာရှာ
လည်ပြန်ခွင့် မသာတဲ့ အိပ်တန်း
ထုသားပေသားကျ အလွမ်းနဲ့
သိပ်ရမ်းကားနေတဲ့ ညနေ အချို့
တစ်ခါတစ်ခါတော့ ကျုပ် မျက်ရည်တွေ ပျို့မိတယ်
အမေ
သမုဒယ အမြှောင်းမြှောင်းနဲ့
လောကကို ခါးစောင်းတင်
ခွက်ဝင်နေတဲ့ မျက်ဝန်းတွေ
တိုးတိတ်စွာ ငိုနေမလား
ဟိုတုန်းကလို အပြုံးနဲ့
ကျုံးရုန်းပြီး ပြန်ထ
သူရဲကောင်းတွေလို ''က'' ပြပါ
ဘ၀ ဆိုတာ အဲဒါပေါ့ အမေ....။
အပြည့်အစုံသို့