(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

အကယ်၍များ (.....)

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိမ်ညွှတ်ချိုစား
လရိပ်ဖြားခို 
သက်ထားပျိုက
ငုံ့လျိုကွယ်ပျောက်
ရောက်၍မလာ
အကယ်သာလျှင်
စိမ်းပြီ ထင်ရဲ့။

ခွန်းစတုံ့တင်
ဟိုယခင်က
ကြယ်ပြင်ဖွေးဖွေး
ညအေးအေး၌
ဝေ့၀ိုက်လွန့်လူး
ကြည်နူးဖူး၏ ။

မြူဦးအုံ့ဆိုင်း
ငွေလှိုင်းဇာကွပ်
နှင်းရည်စွတ်စို
ဌာနေအိုမှာ
ခိုနေရှာလည်း
အခွင့်နည်းစွာ
မဆုံသာလျှင်
သခင်ဘယ်သို့  တွေးမည်နည်း  ။ 


အပြည့်အစုံသို့