(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

အကယ်၍များ (.....)

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိမ်ညွှတ်ချိုစား
လရိပ်ဖြားခို 
သက်ထားပျိုက
ငုံ့လျိုကွယ်ပျောက်
ရောက်၍မလာ
အကယ်သာလျှင်
စိမ်းပြီ ထင်ရဲ့။

ခွန်းစတုံ့တင်
ဟိုယခင်က
ကြယ်ပြင်ဖွေးဖွေး
ညအေးအေး၌
ဝေ့၀ိုက်လွန့်လူး
ကြည်နူးဖူး၏ ။

မြူဦးအုံ့ဆိုင်း
ငွေလှိုင်းဇာကွပ်
နှင်းရည်စွတ်စို
ဌာနေအိုမှာ
ခိုနေရှာလည်း
အခွင့်နည်းစွာ
မဆုံသာလျှင်
သခင်ဘယ်သို့  တွေးမည်နည်း  ။ 


13 မှတ်ချက်:

  1. ပဥာက် Says:

    အမ်း.ကျူပ်ကတော့ ဘကြီးမှုံလို့မထင်ဘူး..မောင်စိန်ဝင်းလား..မောင်လှမျိုးမှတ်တယ်..ကြိုတ်ပါတယ်ဗျ..ခံစားတတ်တဲ့နှလုံးသားရှိပါတယ်..ကဗျာပီသတယ်..။

  1. ကိုကိုမောင်(ပန်းရနံ့) Says:

    ခွန်းစတုံ့တင်
    ဟိုယခင်က
    ကြယ်ပြင်ဖွေးဖွေး
    ညအေးအေး၌
    ဝေ့၀ိုက်လွန့်လူး
    ကြည်နူးဖူး၏ ။

    ဒီအပိုဒ်ကလေးကို ဖတ်ပြီး ကဗျာတစ်ပုဒ်ကို အမှတ်ရမိတယ်။ ဘယ်သူရေးမှန်းတော့မသိတော့ဘူး။

    စနေနံ ကိုင်လက်နဲ့
    ထိုင်လျှက်ပ ကုန်းဖက်၍လှော်
    ဖုန်းမေ့ ချက်ပေါ်။
    မိုးသက်လို့ ခိုးယှက်ဆော်ပြီ
    တိုးဖက်တော်မူစမ်းကွဲ့လေး။ တဲ့။

    စနေနံဆိုလို့ တစ်ခြားမတွေးပါနဲ့။ တက် ကိုပြောတာပါ။ လှေလှော်တဲ့ တက်ပေါ့။
    လှေလှော်ကဗျာလေးပါဘဲ။ အားထည့်ပြီး လှော်ဖို့ စပ်ဆိုထားတာပါ။

    အခု မောင်မင်းဧရာရဲ့ ကဗျာထဲမှာ ဝေ့တာရော ၀ိုက်တာရော လွန့်တာရော လူးတာရော ဆိုတော့ ဧကန္တ မောင်မင်းဧရာတစ်ယောက် စိတ်ပေါက်ပေါက်နဲ့ လှေများ ဆင်းလှော်သလားလို့ပါ။ ခွီး ခွီး ခွီး။

    ချိုနှင့်လျှိုမှာ ၀စ္စနှစ်လုံးပေါက်လိုက်ရင် ပိုပြီး ရသပြည့်လာငြားအံ့လည်းမသိ။း)

  1. ဘုန်း ၂ တောက် Says:

    အင့် သက်ထားပျိုလေးက နေများမကောင်းလို့လား။ ဒါမှမဟုတ် အလုပ်ပဲ တကယ်ရှုပ်နေလို့လား။ သူ မြန်မြန်ရောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဒကာတော် ကိုနွေတေးရှင်ရေ။
    ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

  1. ဘုန်း ၂ တောက် Says:

    အင့် သက်ထားပျိုလေးက နေများမကောင်းလို့လား။ ဒါမှမဟုတ် အလုပ်ပဲ တကယ်ရှုပ်နေလို့လား။ သူ မြန်မြန်ရောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဒကာတော် ကိုနွေတေးရှင်ရေ။
    ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

  1. စံပယ်ချို Says:

    အကယ်သာလျှင်
    စိမ်းပြီ ထင်ရဲ့......
    မထင်ပါနဲ့လေ......
    အဲဒီအကယ်၍ ဆိုတာကြီးကိုမေ့ထားပါနော်
    ယောက်ခမ

  1. မဒမ်ကိုး Says:

    အယူတိမ်းလို့စိမ်းမလားသက်လှယ်
    မောင့်မျက်ခြယ်ရယ်
    ဌာနေအိုမှာ ခိုနေရှာရင်း
    အခွင့်ကြုံစွာ ဆုံခဲ့ပါလျှင်
    ပျော်ရွှင်မဆုံး တွေး၍ပြုံးမည် ။

    ဂျာရစ်

  1. လွင်ပြင်လှိုင်းငယ် Says:

    အဟမ်း အဟမ်း.....ကဗျာလေးကောင်း၏

  1. မြတ်နိုးသူ Says:

    တိမ်ညွှတ်ချိုးစား
    လရိပ်ဖြားခို
    သက်ထားပျိုက
    ငုံ့လျိုးကွယ်ပျောက်
    ရောက်၍မလာ
    အကယ်သာလျှင်
    စိမ်းပြီ ထင်ရဲ့။
    ကဗျာလေးကြိုက်တယ်အကိုရေအားပေးသွားပါတယ်။

  1. blackroze Says:

    ကောင်းလိုက်တဲ့ကဗျာလေးပါလား
    နူးညံနေတာဘဲ ကဗျာလေးက

  1. Candy Says:

    မိုက်တယ် မိုက်တယ် ကြိုက်တယ် ကြိုက်တယ်... များများရေးပါဆို သူ့ပြောရတာလည်း မောလာပြီ ဟွင်းဟွင်း

  1. မိုးနတ်ကြယ်စင် Says:

    ကဗျာလေးက လှလိုက်တာ...
    နူးနူးညံ့ညံ့လေးရယ်...
    အသုံးအနှုန်းလေးတွေလဲ ကောင်းတယ်....
    အဲလို နူးညံ့မှုတွေပျော်ဝင်နေတဲ့
    ကဗျာမျိုးလေးကို နှစ်သက်တယ်...
    ခင်တဲ့..မိုးနတ်

  1. lwannaung Says:

    ကဗျာလေးတွေ ကြိုက်တယ်ဗျာ။ ဒါလေးလည်း ရင်ကိုထိတယ်။

  1. Anonymous Says:

    အခွင့်များစွာဆုံနိုင်ပါစေ