(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

မိုး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ချောင်းပြည့်ကမ်းလျှံ
ရွာရန်သိပ်သည်း
ထိုတိမ်မည်းက
 လွင့်ဝဲမပါ
လေနှင်ရာလည်း
ရင်တွင်းမှာပဲ  ရွှဲခဲ့သည် ။


12 မှတ်ချက်:

  1. စံပယ်ချို Says:

    တစ်ယောက်ယောက်အတွက်များနေထား
    သလိုလေးနော်.....
    အင်း ....စဉ်းစားစရာပါပဲ...
    အဲတာဘူလေးလဲ ဘူလေးလဲ
    ရင်းတွင်းရွှဲနေရင်တော့ နမိုးနီးယားဖြစ်တော့မယ်နော်
    သတိထားနေပါသာမက်ရေ.....
    သင့်ရဲ့
    ယောက်ခမ

  1. ဘုန်း ၂ တောက် Says:

    ရင်ထဲမှာ အချစ်မိုးတွေ စိုရွှဲလို့ပေါ့နော် ဒကာတော် မင်းဧရာရေ။
    ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

  1. သူကြီးမင်း (တုံးဖလား) Says:

    စောင်လေးလဲ ခြုံထားဦး။ အအေးပတ်နေဦးမယ်။း)

  1. မြတ်နိုးသူ Says:

    ကဗျာလေးကြိုက်တယ်အကို
    ရေအားပေးခံစားသွားပါတယ်နော်။

  1. mstint Says:

    ကဗျာကောင်းလေးတွေ ဖတ်ခွင့်နဲ့ဝေးနေတာကြာပေါ့။
    မရပ်မနား ခရီးသွားနေလို့ မင်းဧရာရေး)
    ကဗျာကြွေးလေးတွေပါ ကြုံတုန်းလေး ဖတ်သွားပြီ။
    ဒီတစ်ခေါက်မွေးနေ့ကျရင် အအေးမပတ်အောင် အနွေးထည်လက်ဆောင်ပေးရင်ကောင်းမယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. မိုးနတ်ကြယ်စင် Says:

    အကို့ရဲ့ ရင်တွင်းမိုးလေး ခံစားသွားတယ်အကိုရေ..
    ကောင်းတယ်ဗျ...တိုတိုလေးနဲ့လှတယ်..
    ညလေးသိပ်ကြိုက်တယ်...

  1. Candy Says:

    ရင်မှာ ရွာတဲ့မိုးပေါ့နော် :D အလွမ်းမိုးများလား :P xD

  1. ကိုရင် Says:

    ဒီလူကြီးကတော့ သစ္စာရှိတယ်ဗျာ..

  1. lwannaung Says:

    နွေတေးရှင်ဆိုတဲ့ ဆိုဒ်မှာ မိုးဆိုတဲ့ကဗျာကိုဖတ်ရတာ..အင်း..ကဗျာပင် ဆန်ချေသေးတော့..။ မြန်မာကဗျာတွေရေးသားမှုအတွက် ကျေးဇူးပါခင်ဗျာ။

  1. လွင်ပြင်လှိုင်းငယ် Says:

    အော်..........အချစ်ဆိုတာ
    ကဗျာလှလှလေးတွေထုဆစ်ပေးတဲ့ဆရာသမားပါလားနော်

  1. Angelhlaing(May everybody be happy and healthy! Says:

    အဲ့ဒီ မိုးပေါ့ .. ဒဏ်ရာဟောင်းကို ခဏခဏ စွတာ ..:P

  1. blackroze Says:

    ရင်တွင်းမှာ ရွှဲသွားတဲ့ မိုးက
    ပိုချမ်းတတ်တယ်...