(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

မြတ်ရေးသီသော မောင့်ကဗျာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


မြူခင်းတစ်လှည့်
နှင်းတစ်လှည့်ဆင်
ယုဂံတွင် ၀ဲ
သခင့်ပွဲ ၌
ဦးခိုက်ခြေစုံ
နွှဲခွင့်ကြုံ၍
ပန်းစုံကိုခူး
မောင်သီကျူး၏

ကြည်နူးပြုံးရွှင်
မောင့်သခင်သည်
ရေကြည်ဖျန်းတောက်
မိုးဦးသောက်စ
တောက်ပရွှန်းစို
ရနံ့ချိုဆင့်
လည်တံဝင့်ချီ
ထိုနှင်းဆီ သို့
ကြယ်တို့သီကုံး
ဆံထုံး၌ ဆင်
ကိုယ်စားနှင်သော မောင့်ကဗျာ။


အပြည့်အစုံသို့