(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ပန်းတစ်ပွင့်၏ ကိုယ်စား

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မြစ်ကျိုးမျက်ရည်
အိပ်မက်ကြေ၍
ရွက်ကြွေလေ၀ဲ
တစ်ယောက်တည်း ငို 

ရနံ့ချိုပျောက်
ဖ၀ါးအောက်၌ 
ကောက်၍တဖန်
သခင် ပန်စေ
မခြွေထို ဆု
မျက်ရည်ထုသိမ်း
                                                       ခပ်စိမ်းစိမ်း ပေါ့...။ 


13 မှတ်ချက်:

  1. တောက်ပကြယ်စင် Says:

    ကဗျာလေး ခံစားသွားတယ် ဒကာတော် နွေတေးရှင်ရေ...ကျန်းမာပျော်ရွှင်ပါစေ..
    ခင်မင်တဲ့
    ဘုန်းဘုန်းတောက်

  1. စံပယ်ချို Says:

    ကိုမင်းဧရာ
    တစ်ယောက်ထဲငိုပြီး
    ခုတော့လဲ----
    ခပ်စိမ်းစိမ်းတဲ့လား?

  1. mstint Says:

    မျက်ရည်သိမ်းပြီး ခပ်စိမ်းစိမ်းနေရတဲ့ ဘဝလေးကနေ အမြန်ဆုံးလွတ်ငြိမ်းခွင့်ရပါစေ။ ကဗျာလေးအားပေးသွားတယ် မင်းဧရာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. မြတ်နိုးသူ Says:

    ရနံ့ချိုပျောက်
    ဖ၀ါးအောက်၌
    ကောက်၍တဖန်
    သခင် ပန်စေ
    မခြွေထို ဆု
    မျက်ရည်ထုသိမ်း
    ခပ်စိမ်းစိမ်းပေါ့
    အားပေးသွားပါတယ်

  1. အလွမ်းမြို့ Says:

    ခပ်စိမ်းစိမ်းလေးတော့ မလုပ်နဲ့လေ။
    ဘလော့ဂါ မောင်နှမတွေဘဲ...
    တစ်ယောက်သောသူကိုဘဲစိမ်းနော်.
    အားပေးသွားတယ်။။။

  1. မိုးနတ်ကြယ်စင် Says:

    ကဗျာတိုတို..လှလှလေးအားပေးသွားတယ်နော်..
    စာသားလေးတွေက ချစ်စရာ..လွမ်းစရာလေးရယ်..
    ခင်မင်နေတဲ့...မိုးနတ်

  1. ညိမ်းနိုင် Says:

    ဘာ....ဖဝါးအောက်ရောက်မှ....သခင်ပန်စေ လာလုပ်နေ
    တယ်...ရဝူး.....အပင်ပေါ်တက်ခူးပေး.....:)))

  1. ပဥာက် Says:

    အလို လုပ်စမ်းပါ..ဘကြီးမုံရာ..

  1. blackroze Says:

    ဒီကဗျာလေးဖတ်ရတော့
    အရင်က မို့မို့မြင့်အောင် ရုပ်ရှင်ကား
    ခပ်စိမ်းစိမ်းဘဲနေပါမယ်
    ဆိုတဲ့ဇာတ်လမ်းလေးပြန်သတိရမိတယ်

  1. Candy Says:

    ဒီကဗျာကို ဖတ်ချင်လို့ ဟိုနေ့ကတည်းကလာတာ သူ့ဆိုဒ်ကြီးက ၀င်မရဘူးလေ... အဲ့ဒါနဲ့ ခုမှ ဖတ်ရတယ် ဟွန်းးးးးးးးးးးးးးးးး

  1. ဆူးသစ် Says:

    ကာရန်မိပြီးပြောချင်တာလေးလှတယ်ညီလေးရေ။ကောင်းလိုက်တာ။ဆက်ရေးပါဦး။

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    ကဗျာလေးဖတ်သွားပါတယ်။

    တစ်ခါတစ်လေတော့ သူတို့ကြွေဆင်းပေးမှ လူတွေက ကောက်ယူပန်ဆင်ခွင့်ရတဲ့ အကြွေပန်းကလေးတွေကို ကံကောင်းတဲ့ပန်းလေးတွေလို့ ထင်မိတယ်။ တခြားပန်းတွေလို လွယ်လင့်တကူ အခြွေမခံရလို့ပါ။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

  1. Angelhlaing(May everybody be happy and healthy! Says:

    ကာရန်မိတယ်...အားကျလို့.. အဲ့လိုရေးတက်ဖို့ ကြိုးစားရအုံးမယ်...:)