(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

နေညိုရိုးမှ.......

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မြရည်ငယ်စစ်
ရွယ်ဖြိုးသစ်ကြွ
လှစ်ဟသွယ်သွယ်
မင်ခြယ်ပိတုံး
သူ့ပခုံးထက်
ဝိုင်းစက်ကော့ပျံ
ယဉ်ပေ့ဟန်ကိုယ်
နံ့သာချိုနစ်
နွယ်မျိုးစစ်၏....

ခွန်းဆင့်မဆို
မျက်ဝန်းညို၌
ခိုလှိုက်သဒ္ဒါ
ရွှန်ကြည်စွာဝင့်
ထိုပွင့်မာလာ
ခူးခွင့်သာလည်း
သိပ်သည်းအုပ်မိုး
စိုရိုးထိုလက်
မခြောက်အပ်သို့......

သိစေရွယ်ကိုး
နေညိုရိုးမှ
ပြိုကျကဗျာ
ကျွန်ရည်ရာသို့
ဆောင်ယူပို့လော့.......

ဟင်္သာအဆင်း
နွေလည်ခင်းဖန့်
ခင်းဖြန့်ဥယျာဉ်
သူ့ဆံကျင်မှာ
ပန်စေရာပျိုး
နေညိုရိုး မှ
ပျိုးသောကဗျာ........။


9 မှတ်ချက်:

  1. ပဥာက် Says:

    အမ်း..ဘကြီးမူံကောင်မလေးကိုတင်စားထားတာနဲ့တူတယ်..လျှိုထားတယ်ပေါ့

  1. ကိုကိုမောင်(ပန်းရနံ့) Says:

    ဟဲဟဲ။
    ဒါတော့ လွန်ပြီထင်တယ်။ ဒီကဗျာဆရာ တော်တော်လည်တယ်။

    ဘယ့်နှယ်.. အားကစားလဲ လုပ်ချင်သေး၊ ချွေးထွက်မှာလဲ ကြောက်သေး။

    စိုးရွံ့ မနေနဲ့တော့ တိုးတွန့်သာ လုပ်လိုက်တော့။ ဒီကဗျာကို သူနားမလည်ရင် အခက်ဖြစ်နေဦးမယ်။ ဟာ ဟ။

    လူပြိုကြီး ကျွတ်တမ်းဝင်ချင်လွန်းနေပြီထင်ပါ့။း)

  1. မင်းဧရာ Says:

    ဒီ သကြီးမင်းနဲ့တော့ခက်တယ်)))))))))၀။

  1. mstint Says:

    မင်းဧရာရဲ့ ရင်တွင်းကဗျာလေးက နူးညံ့လိုက်တား)
    တီတင့်တို့ ငယ်စဉ်ကဖတ်ခဲ့ရတဲ့ ကဗျာလေးတွေလိုပဲ သိမ်မွေ့နူးညံ့ပြီး ဖတ်ရတာရင်ထဲစွဲကျန်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. Unknown Says:

    ဟဟ
    ဘယ်လိုပြောရမှန်း မသိလို့
    ဘယ်လိုမှ မပြောတော့ဘူးဗျာ
း)

  1. စံပယ်ချို Says:

    မထင်ရဘူးနော် ကဗျာလေးကနုရွနေတာပဲ
    အတော်ကိုခံစားရေးတတ်ပါပေတယ်
    (သူ့ဆံကျင်မှာ
    ပန်စေရာပျိုး
    နေညိုရိုး မှ
    ပျိုးသောကဗျာ)ဘယ်သူလေးများလဲ

  1. လွင်ပြင်လှိုင်းငယ် Says:

    အို့........ရေးတတ်လိုက်တာ
    အားကျထှာနော်

  1. ညိမ်းနိုင် Says:

    လန်းလှချည်လား ကဧရာ ရဲ့......အင်း....လူပျို
    ကြီးတော့ ကျွတ်ချင်ချင်ဖြစ်နေပြီထင်ရဲ့....:)))

  1. မဒမ်ကိုး Says:

    အလိုလေးလေးးးးးးးးးးးးးးးးးးးးးးးးးး)))
    နုးညံ့ချက် နူးညံ့ချင်

    ကျွတ်တော့မယ်ဆိုရင်တော့ကြိုတင်ပြောကြပါလေး))