(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

မကြည်ပြာသို့ စာတစ်စောင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


သတ္တ၀ါတွေ  ကျန်းမာပါစေ
ချမ်းသာပါစေ  ဆိုယုံနဲ့
မကုံလုံတဲ့  ကာလ တွေအနားမှာ
နိဗ္ဗာန်ရောက်ကြောင်း  တရားတွေက
နားဝရောက်မှ  ပြန်ပြန်ကြွ
ကလေးတွေ ထမင်းဝကြရဲ့လား   မကြည်ပြာ။ 

တော်ရာမှာနေ နေတာလား  
နေရာမှာ  တော်ရပါများတော့ 
အနွေး ဓါတ်လျော့တဲ့  ရက်များဆို
စောင်ခြုံထားပါ  မကြည်ပြာ
ဘ၀ဆိုတာ  ရေများရာရွာတဲ့မိုး။ 

တိမ်ညွှတ်ကို  မချိုးပါနဲ့
ဗေဒါတွေ  ညှိုးတဲ့ကမ်းမှာ
လေတွေသာ ဖမ်းဆုပ်
တစ်မိုးချုပ်ပြန်ပြီ  မကြည်ပြာ
သည်တစ်ခါလည်း  ရေပါမလာပြန်ဘူး။

ဘယ်လင်းတ နားနား
ကျစ်မသွားတဲ့  လက်ပံပင်
    ဟိုအရင်လိုပါဘဲ  
လက်သည်းကို ဆိတ်တာတောင်
ကျိတ်ခွင့်မရတဲ့  အံသွားက 
ကျုပ်ကို  သနားနေလိုက်တာ
ယနေ့  နေမသာဘူး   မကြည်ပြာ။


9 မှတ်ချက်:

  1. Lynn Khit Deno Says:

    တိမ်ညွှတ်ကို မချိုးပါနဲ့
    ဗေဒါတွေ ညှိုးတဲ့ကမ်းမှာ
    လေတွေသာ ဖမ်းဆုပ်
    တစ်မိုးချုပ်ပြန်ပြီ မကြည်ပြာ
    သည်တစ်ခါလည်း ရေပါမလာပြန်ဘူး။

း)) သိပ်လှတဲ့ စာပိုဒ်း))





  1. သူကြီးမင်း Says:

    ဖတ်ဖူးသလိုလိုဘဲ ကဧရာ။ အဟောင်းတွေ ဆိတ်ခွါနေတာလား မသိ။ သို့ပေသည့် ဖတ်တိုင်း မရိုးနိုင်တဲ့ ခေတ်ရေစီးသံစဉ်လေးတွေပါဘဲ မကြည်ပြာ... အဲလေ ယောင်လို့... ကဧရား))

  1. သူကြီးမင်း (တုံးဖလား) Says:

    ကဧရာတို့ ကပ္ပိယကြီးတို့ အဆင်ပြေကြရဲ့လား။ မလေးမှာ အော်ပရာဇီတွေ ခြေရှုပ်နေကြတယ်။ ကြည်ပြာတို့ဆီ စာရေးလဲ ရေးပေါ့။ ဒါပေမဲ့ သတိ ၀ီရိယလေးနဲ့တော့ နေကြဦး။

  1. Candy Says:

    မိုက်တယ် ကြိုက်တယ်...
    မကြည်ပြာအတွက်ရေးလည်း ဖတ်တယ်ကွာ ဟဟဟ xD

  1. ပဥာက် Says:

    ဒီကဗျာကို ခုမှတင်ရသလား ဘမူံ...

  1. Thwin Says:

    ဘဝဆိုတာ ရေများရာ ရွာတတ်တဲ့ မိုးပေါ့နော်...။

  1. မိုးနတ်ကြယ်စင် Says:

    အင်းးးးးးးးးးး မကြည်ပြာကိုတော့ ဘယ်လိုမှကို
    မနိုင်တော့ဘူး ကဧရာ.....ဟုတ်ပေါင် :)
    ကဧရာကိုတော့ ဘယ်လိုမှလိုက်လို့ မမှီတော့ဘူး
    မကြည်ပြာ.....တော်လိုက်တာနော်...
    သူများတွေများ ရေးတတ်လိုက်ကြတာ
    ငဒို့များတော့....ဟင့် ပြောရင်းနဲ့အားငယ်လာပြီ :(

  1. Anonymous Says:

    ရင်တွင်း ခံစားချက်တွေနဲ့လေဗျာ ... အံကြိတ်ပြီး မျက်ရည်ခိုးကျခဲ့ရတဲ့ရက်တွေ မနည်းဘူး ... မကြည်ပြာလို့ ကင်ပွန်းတက်ခဲ့ရတာကိုလဲ လွမ်းမပြေဘူး.. ရင်ထဲမှာ တိတ်တဆိတ် သူ့ကိုပဲ လွမ်းနေတယ်

  1. Yoemyaykya Says:

    မကြည်ပြာ မဟုတ်သူများ အားရပါးရ၀င်ဖတ်ကြသည်။ ဘ၀ဆိုတာ ရေများရာမိုးရွာဆိုတာ သိပ်သိပ်ဟုတ်။