(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကျွန်လက်သစ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


မီးတဟုန်းဟုန်း
ဘဏ္ဍာဖြုန်းလို့
ငတုံးတို့ ပြည်
မွဲတာရှည် ၏ ။

လူတရုန်းရုန်း
အချိန်ဖြုန်း လို့
ငတုံးတို့ ပြည်
မွဲတာရှည် ၏ ။

ကျဉ် တအုန်းအုန်း
ဥာဏ်မသုံးလို့
ငတုံးတို့ ပြည်
မွဲတာရှည် ၏ ။

ကျွန်ုပ် သည်ကား
ရပ်ကျော် ရွာပစ်
ကျွန်လက်သစ်မို့
မဟစ် ဆိုချင်
ဟို ယခင်လို
သခင်မျိုးဟေ့ ဒို့ဗမာ ။


6 မှတ်ချက်:

  1. ကိုကိုမောင် (ပန်းရနံ့) Says:

    ဝေါင်း....
    တယ် နှိပ်တဲ့ ကဗျာပါလား ကမင်းဧရာ။ သူကြီးမင်း အတော်လေး သဘောကျသွားတယ်။

    သို့ပေသည့်...
    ကျဉ်တအုန်းအုန်း ဆိုတာလေးကို လင်းစမ်းပါဦး ကမင်းဧရာ။ သူကြီးမင်း လိုက်မမီလို့။

    ခုတလော ခံစားမှုတွေ ရောပြွမ်းနေပုံရတယ်။ ကဗျာရသပေါင်းစုံထွက်နေတယ်။ ဒါ ကဗျာတွေ ရင်တွင်းက ခုန်ထွက်ဖို့ အခွင့်အရေးတစ်ခုပေါ့။ သဘောတွေ့လှပါဘိ။

  1. မိုးနတ်ကြယ်စင် Says:

    ၀ိုးးးးးးးးးးးးးး
    ဂွတ်မှဂွတ်ပဲ ကိုဧရာရေ...
    မိုက်လှချေလားးးးးးးးး :)
    တပုဒ်လုံးက ရဲရဲတောက်ချင်တိုင်းတောက်လို့ :)

  1. Anonymous Says:

    တုတ် ကြက်သီးမွှေးညှင်း ထတယ် တော်ရယ်........
    တော် အရင်လိုမဟုတ်တော့ဘူး ...........

  1. Lynn Khit Deno Says:

    အုံးအုံးထကြွ
    ဆန္ဒပြသမို့
    ဟိုပူ ဒီညံ
    မီးသံတွေလည်း
    ကြားရ မြင်ရ
    မသက်သာလှသည်

    ခေတ်ပြောင်းမူပြောင်း
    လူမပြောင်းက
    ကျင်လည်ရာဇာတ်
    အဖက်ဖက်လည်း
    နိမ့်ကျမြဲသာ
    နိမ်ကျမည် . . .

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    မှတ်ချက် ။ ။ လူမပြောင်းက ဆိုတာ . . အထက်လူကြီးတွေအပါအ၀င် အောက်ခြေ လူတန်းစားတွေကိုပါ ဆိုလိုပါသည် ။

  1. နွေတေးရှင် (မင်းဧရာ) Says:

    မှန်ပါ့ ကိုဗညား ရာ ။

  1. ပဥာက် Says:

    အခုမှ ကိုယ်တွေလည်း ဦးပုညဇာတ်ထုတ်ထဲကရေသည်လို့..ငါးသန်သေးနုပ်
    ရေလုံပြုတ်ကို၊ တလုပ်ကယ်ဝဝစားရရင်ဖြင့်၊ အာဂပါးစပ်၊လူဖြစ်ရကျိုးနပ်ရော့မည်..ဆိုသလို..ထမင်းလေးပဲ နပ်မှန်စားခွင့်ရနေတာကိုပဲ..အင်း..မပြောတော့ဘူးဗျာ..အပေါ်လည်းမကောင်းဘူး၊ အလယ်လည်းမကောင်းဘူး၊အောက်လည်းမကောင်း...ဘာကျန်သေးလည်း..အိုးးးကိုယ်ပါကို မကောင်းတာ..