ငါကားထုံဘိ
နုံလိုက်သည့်ဥာဏ်
မိကိုချန်၍
နုံလိုက်သည့်ဥာဏ်
မိကိုချန်၍
ကောက်နှံ သစ်ပဲ
တစ်ကောင်တည်းမျို
မိအို ဘယ်သို့ရှိလေပြီ ။
တစ်ကောင်တည်းမျို
မိအို ဘယ်သို့ရှိလေပြီ ။
မျက်ဝန်းညိုမှိုင်း
နားတို့ ထိုင်း၍
ခါးကိုင်း နုံချိ
ရှိပေသိ ငြား
ရင်များ လှိုက်ဆူ
ကျွန့်တွက်ပူလို့
နှုတ်ကြူသံပေး
ငါ့သားကလေး သာပါစ ။
နားတို့ ထိုင်း၍
ခါးကိုင်း နုံချိ
ရှိပေသိ ငြား
ရင်များ လှိုက်ဆူ
ကျွန့်တွက်ပူလို့
နှုတ်ကြူသံပေး
ငါ့သားကလေး သာပါစ ။
မာရပါသည်
ခွန်းတုံ့သည်မှ
စီးကျရှာ သည်
ထို မျက်ရည်ကား
ပီတိ လေလား သောကလား ။
ခွန်းတုံ့သည်မှ
စီးကျရှာ သည်
ထို မျက်ရည်ကား
ပီတိ လေလား သောကလား ။
15 June 2013 at 06:40
လောကမှာ ဘာနဲ့မှနိုင်းတုမရတာ အမေဗျ..အမေကတော့ ကျူပ်တို့ပေါ်ဘယ်တော့မှ ပစ်ခွာမသွားတတ်တဲ့အရိုးသားဆုံးအဖြူစင်ဆုံး..အိုးးးနိုင်းတုမရတာမှတော့ ဘာနဲ့မှတင်စားမပြောချင်တော့ဘူး။အမေဟာ အမေပဲ..။
15 June 2013 at 15:59
သားသမီးနှင့်မိဘတွေကြား ဖြစ်လေ့ဖြစ်လေ့ရှိတဲ့ စိတ်သဘာဝကို ဖော်ညွှန်းမှုလေး။ ကောင်းပါ့ ကဧရာ။ ဒီအချိန်မှာတော့ ပီတိနှင့်သောက တွဲနေရှာပေမပေါ့။
16 June 2013 at 04:42
အမေ့မျက်ရည်ကြွေမှာစိုး ..
16 June 2013 at 07:25
ပီတိ လေလား သောကလား ?
ခွဲခြားလို့ မရခဲ့ပါ ကိုဧရာ >>>>>