ခပ်ယိုင်ယိုင် အသည်းဆိုင်နဲ့
အတ္တကို လွန်ပြိုင်ဆွဲ
မျက်ရည်ရွှဲစို တိမ်မဲညိုတို့
ဝေဒနာကို ဖြိုလေသလား
ကိုယ် မငိုခဲ့ဘူး (.......)
မနိုင့်တနိုင် ၀န်ဆိုင်တွေနဲ့
လှေတစ်စင်းရဲ့ ပဲ့ကိုင်ရှင်
လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ
မုန်တိုင်းကို တစ်ပြန်ယှဉ်လို့
ကမ်းရိုးတန်းကို အမှန်မြင်မှ
လရောင်စဉ်ကို ရှိုက်နမ်းမယ်
သခင်လှမ်းမှ ကမ်းဖြစ်စေ ။
ပျက်သွားသော ဘလောဒ့်ထဲက ကဗျာတစ်ပုဒ် အခုမှ အတွေးထဲမှာ ဖြုန်ဆို ပြန်ပေါ်လာလို့
သတိရတုန်း ပြန်တင်လိုက်တာ ခေါင်းစဉ်တောင် မေ့နေတယ်။
ဟိုတလောတုန်းက သူကြီးမင်း ( ကိုကိုမောင် ပန်းရနံ့ )က အစရှာပေးထားတဲ့ ကဗျာလေးကလည်း ကိုယ့်ဖာသာ ဆိုရင်းရွတ်ရင်း သတိရလာတယ် ဒါပေမယ့်လို့ တစ်ပိုဒ်လိုနေသေးလို့ တင်မရဘူး။
အဲဒီနေ့က သူကြီးမင်းက အရင်ရွတ်ပြတာ ဒီလိုလေး
( ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေမဖြစ်ချင်ဘူး )
သူကအဲလိုရွတ်ပြတော့မှ ကျွန်တော်က လိုက်ရွတ်ကြည့်လိုက်တာ ဒီလောက်ရောက်သွားတယ်
( မိုးဦးည ရင်ခွင်မှာ စံပယ်တွေ ခိုဝင်ဘူးတာဘဲ နှင်းစက်တို့ကြောင့် သဇင်မကြွေရင် ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေ မဖြစ်ချင်ဘူး ခင် )အခု ပြန်အမှတ်ရသလောက် ဆက်ရေးမယ်နော်
အိုအေစစ်ကို တည်ဆောက်ဖို့
ဂန္ထ၀င်မြောက် အနမ်းတစ်ရှိုက်
ချိုမြိန်စွာ ထွေးပိုက်ခွင့်
ခုံမင်သင့်ခဲ့ သလား..........
မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး ခင်...။
ကျန်နေသော အပိုဒ်က အပေါ်ဆုံး အပိုဒ်ပါ ဘယ်တော့မှ အတွေးထဲမှာ ပြန်ပေါ်မလဲ မသိသေးဘူး ။
အိုအေစစ်ကို တည်ဆောက်ဖို့
ဂန္ထ၀င်မြောက် အနမ်းတစ်ရှိုက်
ချိုမြိန်စွာ ထွေးပိုက်ခွင့်
ခုံမင်သင့်ခဲ့ သလား..........
မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး ခင်...။
ကျန်နေသော အပိုဒ်က အပေါ်ဆုံး အပိုဒ်ပါ ဘယ်တော့မှ အတွေးထဲမှာ ပြန်ပေါ်မလဲ မသိသေးဘူး ။
4 May 2013 at 07:15
အစကနေ အဆုံးထိအောင်
စာသားလေးတွေ အရမ်းအသက်ဝင်လှတယ်
4 May 2013 at 13:08
ကျူပ်တို့လည်းမီးစာခွက်တွေလိုပဲဗျာ..ကိုယ့်စိတ်အာဟာရကိုယ်ဖြည့်တင်းပြီး..ကိုယ့်ခံစားမူ့နဲ့လောင်ကျွမ်း..ကိုယ့်အလင်းနဲ့ကိုငြိမ်းသက်ပြီး..အရင်လိုအမှောင်ထဲပဲပြန်ရောက်နေရတယ်..။ အမ်း..ကျူပ်တို့ကို လင်းလက်စေမယ့်
လက်လေးတစုံတော့ ...ပြောတော့ပါဘူးဗျာ..ကိုယ့်ခံစားမူ့နဲ့ကိုယ်လောင်ကျွမ်း၊ကိုယ့်အလင်းရောင်နဲ့ကိုယ် ဘယ်ချိန် အရည်ပျော်ပျော်..ပျော်ပါစေတော့..
(ပုံ။ လူပြိုးဂျီးများကိုယ်စား လဲ)
5 May 2013 at 00:05
ညီမဆီမှာ ဦးကြံသကာရဲ့ကဗျာ နှစ်ပုဒ်ရှိတယ်။ ကြိုက်လို့ ချရေးမှတ်ထားတာ... အရင်ဘလော့ကဟာလား ခုဟာလားတော့ မမှတ်မိတော့ဘူး... ခေါင်းစဉ်တွေက "ခံနိုင်ရည်အားနဲ့ လောကဓံ"နဲ့ "စက္ကူပန်းပင်"
ပြန်တင်ချင်လို့ လိုချင်ရင်ပြော :D
7 May 2013 at 05:36
မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး ခင်...။
ဒီလောက်ဆို လုံလောက်ပြီ ကမင်းဧရာ။ ဆက်မစဉ်းစားပါနဲ့တော့။ ဆံပင်တွေ ဖြူထွက်လာပါဦးမယ်။း)
ဒီအပိုဒ်ကလေးကို အကြိုက်ဆုံးဘဲ။ အဲဒီအချိန်တုန်းက မကြာမကြာ ရွတ်ဖြစ်ခဲ့တဲ့ ကဗျာအပိုင်းအစလေးပေါ့။
23 May 2013 at 23:36 This comment has been removed by the author.