ပန်ချင်လျှင်ခူး
ပွင့်ဦးထိုထို
မြညှာညို ၀ယ်
ခိုတွယ်ယိမ်းနွဲ့
ကေသာလဲ့စို
တစ်ပတ်လျှိုတွင်
ဖွဖွဆင်ဖို့ မောင်ဖူး၏ ။
ရှူ့မိအာရုံ
ခွင့်မကြုံ၍
ဘယ်ပုံဘယ်ပန်း
ညချမ်းရည် ညို
စကားဆိုစဉ်
ခင့်ရင် ဘယ်သို့ရှိလေပြီ ။
တုန်ရီမောဟိုက်
ရင်တွင်းလှိုက်ဖို
သိစေလိုလျှက်
အဆိုခက်၍
သက်ငွေ့ ဖွဖွ
အသာချကာ
သည်နေ့တာတို့ ရှည်ရပြီ ။
ရည်စူးစိတ်သန်
ပင်တိုင်စံနှယ်
မာန်စွယ် ၀င့်ဝင့်
ဒဏ်တို့သင့်ငြား
မျက်ထားမငြို
ခင့်အလိုသာ
ဖယ်ခွါရှောင်ပုန်း
ခရီးဆုံးထိ
ကြော့ဆုံးဘယ်သို့ ရှိမည်နည်း ။
27 April 2013 at 05:31
အင်း------ခရီးဆူံးထိဆိုတော့?????
28 April 2013 at 08:42
အိုး.. ကဗျာလေးက နုဖတ် ရွှန်းစိုနေလိုက်တာဗျာ..
28 April 2013 at 10:55
အော်..ဘကြီးမူံ..ဘကြီးမူံ..အလိုသာအုံပုန်းသီးလိုနေရင်..ခင်ဗျားတော့ ဘယ်တော့မှမျိုးပွားမှာ မဟုတ်တော့ဘူး
28 April 2013 at 23:34
ဟဟဟဟ ကိုချမ်းမင်းကိုပြောလိုက်တာ လူပျိုကြီး ထိသွားပြီ ထင်တယ် ဟဟဟဟဟ ဟုတ်ပါ့ သူ့ဟာက အုံ့ပုန်းတွေ များနေတယ်....
ကဗျာလေးကြိုက်တယ် :D
29 April 2013 at 07:44
အမယ်... မောင်ချမ်းမင်းက မင်းဧရာကို အထင်သေးနေပြန်ပြီ... တီတင့်ပြောလိုက်ရလို့ :P
နုနုရွရွ ကာရံပေရံလှလှ ကဗျာလေးခံစားသွားတယ်...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
7 May 2013 at 05:39
ကမင်းဧရာရဲ့
ခင် အဖွဲ့အနွဲ့လေးကို ဖတ်ရင်း
အဲဒီခင်ကို
အပြင်မှာ တွေ့ချင်စိတ်တောင် ပေါက်လာမိသလိုလို။း)
ကဗျာဆရာ့ တင်စားချက် နုချက် ခံစားသီဖွဲ့ချက်
ရသေ့ရဟန်းတောင် ဈာန်လျောနိုင်လောက်တယ်။