(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

မြလွှာရုံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သီကုံးခြယ်သ  ကဗျာလှကို
ဖွဖွဆိုရွတ် တတွတ်တွတ်နှင့်
ညရင့်ရင့်ကို ယခင်လိုသာ
တစ်ကိုယ်ရေသာ ဖြတ်မြဲ  ခင်  ။ 

ကြည့်မိကောင်းကင် တိမ်လွှာစင်၍
ကြယ်ပြင်ဖွေးဖွေး  လရေးရေးတွင်
လိပ်ပြာရွှင်မြူး  လေပြေဖြူးသော့
မှေးရော့ထင်သည် ခင့်ရင် အိပ်မက်လှမည်လား ။
  
မြသားဗွေတွင်း  အာရုံကျင်းလို
မင်းလွင်ပျိုဝယ်  ပန်းချီခြယ်မှုန်း
ပန်းရောင်ဖုံးမျှ  ရုန်းကြွသူရိန်
ထိုအချိန်ကို  ပန်းထိုထိုပွင့် 
ကျူးရင့်သံစုံ  ရိပ်မြုံသိုက်နန်း
နေခြည်ဖြန်းကို  တေးဆန်းတွေဆို ကြိုကြပြီ ။


3 မှတ်ချက်:

  1. သူကြီးမင်း (တုံးဖလား) Says:

    မြလွှာရုံနှင့် မြကြာရုံ လွဲများနေလေရော့သလား ကမင်းဧရာ။း)

    ညဥ့်နက်နက်မှာ ကောင်းကင်ပေါ် မော့ကြည့်နေတတ်တဲ့ ရောဂါတွေ ရလာပြီထင်တယ်။ ဒါဖြင့်လဲ ဆက်မော့ကြည့်ပါလေ။း)

  1. စံပယ်ချို Says:

    ညရင့်ရင့်တွေ
    တယောက်ထဲဝမ်းနဲနေတာလား

  1. Angelhlaing(May everybody be happy and healthy! Says:

    မော့ကြည့်စရာ ကောင်းကင် ရှိနေသေးသ၍ ဖြေသာလို့ ရပါသေးတယ် ... ဖိုက်တင်း...!!!