(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကမ္ဘာမြေရဲ့ တစ်နေရာဆီ သို့...

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဆွတ်ပျံ့လွတ်မောဖွယ်ရာ စကားတွေ ဆိုရင်း
အရုဏ်ကျင်းသွားတဲ့ အဲဒီ ညက
သူမရဲ့ အသက်ရှူသံဖွဖွကို  ကျနော်လွမ်းတယ်  ။

လရောင်ကိုသယ်လာသော   လေပြေ
ဘယ်ပန်းကိုမှ       မခြွေခဲ့ဘူး 
နှုတ်ခမ်းနီ မစွန်းဘူးသော ဒီ ပခုံးကို 
သူမ အတွက်ဘဲ သုံးပါရစေ   ။

အသားမာတတ်နေသော ရင်စုံ
ကြိုးကုန်နေပြီးဖြစ်သော စောင်းတစ်လက်
ကျနော်     မတီးခတ်ရက်တော့ဘူး
ဒီ ကဗျာကို ဖတ်ခွင့်ရတဲ့အခါ  ကြည်နူးပါ   ။

မွတ်သိပ်စွာ နှောင်ဖွဲ့တည်ပါသော   ချစ်ခြင်း  ။

အပြစ်ကင်းခဲ့ ပါသော   တမ်းတမှု့   ။

တပ်မက်မှု့ မပါခဲ့ပါသော   လွမ်းဆွတ်ခြင်း   ။

တင်းရင်းစွာစေ့ပိတ်ခဲ့ပါသော   နှုတ်ခမ်း တစ်စုံ   ။

တဆက်ဆက်တုန်နေခဲ့ပါသော    နှလုံးသား    ။

ဒီအပြာရောင် ရစ်သမ်းများကို ဖမ်းဆုပ်မိတဲ့  အခါ
သူမ 
ကြည်နူးပါစေ.......ပျော်ရွှင်ပါစေ.......နွေးထွေးပါစေ......
ကမ္ဘာမြေရဲ့      တစ်နေရာဆီ  သို့ .....။   


9 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။

  1. သူကြီးမင်း (တုံးဖလား) Says:

    နှုတ်ခမ်းနီ မစွန်းဘူးသော ဒီ ပခုံးကို
    သူမ အတွ(က်)ဘဲ သုံးပါရစေ ။

    မောင်မင်းဧရာက ပုခုံးမှာဘဲ နှုတ်ခမ်းနီ မစွမ်းဖူးတာ။ သူကြီးမင်းကတော့ တစ်ကိုယ်လုံး ဘယ်နေရာမှာမှ တစ်ခါမှ မစွန်းဖူးခဲ့။း)

  1. မိုးဇက် Says:

    အဟမ်း အဟမ်း ပေါ့နော် အဟမ်း အဟမ်း ...........
    ကမ္ဘာမြေရဲ့ တစ်နေရာဆိုတော့ လူဘုံထဲကလားဗျ ... :D

  1. မိုးနတ်ကြယ်စင် Says:

    ကမ္ဘာမြေရဲ့ တောင်ဘက်စွန်းစွန်း
    ဟိုဘက်ယွန်းယွန်း ဆီမှာလားဗျ အကိုရ...
    ဟီးးးးး ရမ်းဖြီးကြည့်တာ မှန်တွားပလားမသိ :P
    စတာပါ အကိုရေ....စကားလုံးတွေကတော့
    ကောင်မလေးဖတ်ကြည့်ရင် ကြွေချင်စရာပေါ့ဗျာ :)))
    ခင်လျက် မိုးနတ်

  1. နွေတေးရှင် (မင်းဧရာ) Says:

    ကျေးဇူးဗျာ..........
    သူကြီးမင်း အခုမှမြင်တယ်ဗျို့
    လေ့လာရမှာ ပျင်းလို့ စာလုံးပေါင်းလေးများမှားနေရင် ပြင်ပေးပါကြပါလို့
    တောင်းဆိုရတာ မဟုတ်ပါဘူး စီစစ်နေတဲ့ ကြားကမှားနေတတ်လို့ တောင်းဆိုရတာပါ
    အခုလို ပညာ ပါပါ ပြင်ပေးသွားတာကိုက ကျေးဇူးတင်ချင်စရာပါဗျာ ။

  1. Anonymous Says:

    ဘယ်ဘက်ကို စွန်းတယ် ဘယ်ဘက်ကို ယွန်းတယ်လို့တော့ မသိပါဘူး မိုးနတ်ရယ် သူမ ကတော့ အခု ရန်ကုန် မှာနေ နေတယ် ပြောတာဘဲး)။



    မင်းဧရာ

  1. ပဥာက် Says:


    တပ်မက်မှု့ မပါခဲ့ပါသော လွမ်းဆွတ်ခြင်း ....
    ဟုတ်လား..ဘမူံ..
    ကျူပ်ရင်ကို အရှိန်ပြင်းပြင်းနဲ့ခင်ဗျား ခွင်းလိုက်တဲ့မြှားတံလို..ဟောဒီစကားလုံးက..စူးစူးနစ်နစ်..။အကြိမ်တရာမက ကျူပ်ရေရွှတ်ကြည့်တယ်..အခါတရာမက ကျူပ်သီကျူးကြည့်တယ်..သိတ်ကိုလှတယ်ဘမူံ..

    တပ်မက်မှု့ မပါခဲ့ပါသော လွမ်းဆွတ်ခြင်း ..တွေကျူပ်ရာသီတခွင်လုံး မိုင်းမိုင်းမူံနေပြီ..ဘမူံ..
    နောက်ထပ် စူးနစ်ဝင်လာမယ့် မြှားတံတွေကို ကျူပ်နှလုံးသား...တောင်းတနေပြီ..ဘယ်လောက်ပဲ..စူးစူးနစ်နစ်..ကျူပ်ရင်ကော့ပေးလိုက်ချင်တယ်ဗျာ..

  1. ရင်လှိုင်းခတ်သံ Says:
    This comment has been removed by the author.
  1. ရင်လှိုင်းခတ်သံ Says:

    သူမ ကြည်နူးမှာပါ..။ သူမ ပျော်ရွှင်မှာပါ..။ သူမ နွေးထွေးမှာပါ..။