(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

စိတ်ကို တူးဆွမိခြင်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဆန်ကောလောက်မှ မနက်တဲ့ ဇောက်နဲ့
မိုးပေါ်ထောင်ဖေါက်နေလိုက်ကြတာ တဒိုင်းဒိုင်း
အဲဒီ သမိုင်းထဲမှာ ဘယ်ဗျိုင်းမှ ငါး မရှောင်ဘူး ။ 


6 မှတ်ချက်:

  1. Yoemyaykya Says:

    အိုး တိုတိုလေးနဲ့ ထိမိလိုက်တာ။ ဟုတ်တယ် ဘယ်ဗျိုင်းမှ ငါးမရှောင်ဘူး။

  1. ဟန်ကြည် Says:

    “ တူးစွ ” လို့မရေးဘဲ “ တူးဆွ ” လို့ ရေးမှ ရေးထုံးမှန်လိမ့်မယ် ဧရာရေ...အနှီ စွ ဆိုတဲ့ စကားလုံးကို သည်ဘက်ခေတ်မှာ အတော်များများ မှားသုံးနေကြတာမြင်လို့ ယောင်သွားတာဖြစ်လိမ့်မယ်...

    နောက်ဆုံးစာကြောင်းကတော့ အားအပါဆုံးပဲ...ဘယ်ဗျိုင်းမှ ငါးမရှောင်ဘူးတဲ့ ...ဆရာတို့ဥာဏ်မီသလောက်ဆိုရင် ဘယ်ကျားမှ ဥပုသ်မစောင့်ဘူးဆိုတဲ့ ခပ်ထိုင်းထိုင်း ခပ်အူအူ စာသားပဲ ထွက်လာမှာသေချာတယ်...

  1. နွေတေးရှင် (မင်းဧရာ) Says:

    ပြင်လိုက်ပါပြီ ဆရာ ရေ...ကျေးဇူးအထူးပါဗျာ ။

  1. မိုးနတ်ကြယ်စင် Says:

    ဂွတ်လှချည်လားးးးးးးး အကိုဧရာကြီးရ :)

  1. ညောင်ညိုရိပ် Says:

    အေး...ဟုတ်တယ် အဲဒီသမိုင်းထဲမှာ ဘယ်ဗျိုင်းမှ ငါးမရှောင်
    ဘူး..။

  1. သူကြီးမင်း (တုံးဖလား) Says:

    အဲဒီသမိုင်းထဲမှာ
    ဘယ်ပျိုမှ ငါမရှောင်ဘူး လို့များ ရေးထားသလားလို့။ သူကြီးမင်းက မျက်စိခပ်မွဲမွဲနဲ့ဆိုတော့လေ။း)

    ကမင်းဧရာတို့လုပ်လိုက်ရင် ဒက်ထိတွေချည်းပါဘဲလား။