(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

စာမျက်နှာအထက်က ဆေးစက်များ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


တိမ်နီနီကို ကြိုးကျစ်ဖို့
ပျိုမျစ်တဲ့ လက်တစ်စုံ
ရေစီးခွင့် မကြုံတဲ့ ဟောဒီမြစ်မှာ
ငါက လှေလည်း ဖြစ်ဖူးပြီ ။

ဒိုင်ယာရီ စာတစ်အုပ်က
ဘ၀ ရဲ့ပြယုဂ်ဆိုရင်
ဟိုတုန်းက ပုံပြင်ကို
ငိုစရာလို့ မထင်တော့ဘူး ။

ရာသီကြမ်းလို့
ခရမ်းစမ်းမပျိုးခဲ့တဲ့ မြေ 
ဘယ်ဆန်းဒေးတွေ မှ တိမ်မပြာဘူး 

ဘယ်မုတ်သုန်ဦး ကရော
ခြောက်ပြစ်စင်လို့လဲ  ။

 ကျုပ်လေ.....................
ဟောဒီကောင်းကင်ထဲမှာ 
တစ်ခါလောက်တော့ ရွှေမှုံကြဲချင်တယ် ။


6 မှတ်ချက်:

  1. Candy Says:

    တချို့စာပုဒ်တွေကို ဦးကြံသကာကြီး စတေးတပ်မှာ ဖတ်ဖူးတယ် :D :D :D

  1. မိုးနတ်ကြယ်စင် Says:

    ၀ိုးးးးးးးးးးးးးးး ဒီတစ်ခါတော့ တစ်မျိုးပါလားးးးးးးး
    အကို မင်းဧရာကြီးရဲ့...ကဗျာလေးက
    ရှင်းရှင်းလင်းနဲ့ တည့်တည့်ကြီးကိုထိတယ်ဗျာ..
    အဲ့အရေးအသားတွေကြိုက်တယ်...
    ခါတိုင်း မြန်မာကဗျာလေးတွေ ဖတ်နေကျတော့
    ဒါလေးက အဆန်းလေးဗျ...ကောင်းပါ့ပေ
    အကိုရေ....အကိုရေးတာတွေ အားလုံးကြိုက်ဗျာ :))
    ခင်တဲ့....မိုးနတ်

  1. မိုးသက် Says:

    ထိ၊ ရှ၊ နက်၊ ခက်၊ သွက်
    အရသာစုံတဲ့ အသုတ်စုံတစ်ပွဲပါလားအစ်ကိုရေ...

  1. သူကြီးမင်း (တုံးဖလား) Says:

    ရာသီကြမ်းလို့
    ခရမ်းစမ်းမပျိုးခဲ့တဲ့ မြေ
    ဘယ်ဆန်းဒေးတွေ မှ တိမ်မပြာဘူး။
    ဆန်းဒေးမှာ တိမ်မပြာရင် မန်းဒေးမှာ ဇွတ်သာ ပြာပစ်လိုက် မောင်မင်းဧရာ။း)

    လူပျိုကြီး တမ်းချင်းဆိုတော့လဲ အပိုဒ်တိုင်းအပိုဒ်တိုင်း တော်တော် အသက်ဝင်နေပါလား။ လေးပိုဒ်လုံး ဂွတ်ရှယ်တွေချည်းဘဲ။

  1. Anonymous Says:

    ကြဲ ချလိုက်ပါ ရွှေမှု န် ကို

  1. Anonymous Says:

    Kadytan | Online Casino | Kadytan.com
    Kadytan is one of the best online casinos in Malaysia and Thailand. Kadytan is 온카지노 검증 licensed and legal online casino in Malaysia.