undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခြေရာကိုဖျက်
ရွာမှထွက်၍
နှုတ်ဆက်လက်ပြ
မမြင်ကြပြီ
ငါ့၏၀ိညာဉ်
စိတ်အစဉ်က
ရေတွင်ခဲချ
ဒီလှိုင်းကြွသို့
မှိုင်ပြစွတ်စို
မျက်ဝန်းညိုလည်း
ငွေ့ရည်ခဲ၍
တိမ်မဲ မပြို
လည်လျိုနောက်ပြန်စဉ် အခိုက်
ရင်၌ချီထုံး
ဟိုစဉ်တုန်းက
အပြုံးလည်းသွေ့
ရက်မစေ့မီ
ဖူးခဲ့သည်မှ
ခွေးအ သောင်ပြင်
ထိုအသွင်သို့
စပျစ်ကိုမြင် ချဉ်မိပြီ
မျို၍မရ
ပျို့အန်ချငြား
ငါကားမရည်
ဘယ်ဆီဘယ်သို့
ဤမြို့မှထွက်
နှုတ်ဆက်လက် ရမ်း
ပင့်သက်နွမ်းတို့ ပြေခဲ့ချိန်။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခွက်ထိုးဆင့်ခံ
မိုးသံဂျိမ်းဂျိမ်း
ထိုလူပြိန်းတို့ ထခုန်ချိန်။
ကျွန်စိတ် ကျွန်ဟန်
ကျွန်သံမပျောက်
မျှော် ထောက် ခို စား
လူပြိန်းများသည် ငါ့ဌာနီ။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ချောင်းပြည့်ကမ်းလျှံ
ရွာရန်သိပ်သည်း
ထိုတိမ်မည်းက
လွင့်ဝဲမပါ
လေနှင်ရာလည်း
ရင်တွင်းမှာပဲ ရွှဲခဲ့သည် ။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
တိမ်ညွှတ်ချိုစား
လရိပ်ဖြားခို
သက်ထားပျိုက
ငုံ့လျိုကွယ်ပျောက်
ရောက်၍မလာ
အကယ်သာလျှင်
စိမ်းပြီ ထင်ရဲ့။
ခွန်းစတုံ့တင်
ဟိုယခင်က
ကြယ်ပြင်ဖွေးဖွေး
ညအေးအေး၌
ဝေ့၀ိုက်လွန့်လူး
ကြည်နူးဖူး၏ ။
မြူဦးအုံ့ဆိုင်း
ငွေလှိုင်းဇာကွပ်
နှင်းရည်စွတ်စို
ဌာနေအိုမှာ
ခိုနေရှာလည်း
အခွင့်နည်းစွာ
မဆုံသာလျှင်
သခင်ဘယ်သို့ တွေးမည်နည်း ။
အပြည့်အစုံသို့