(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ပင့်သက်ဖြေလျှော့ ပြေလျော့ချိန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခြေရာကိုဖျက်
ရွာမှထွက်၍
နှုတ်ဆက်လက်ပြ
မမြင်ကြပြီ

ငါ့၏၀ိညာဉ်
စိတ်အစဉ်က
ရေတွင်ခဲချ
ဒီလှိုင်းကြွသို့
မှိုင်ပြစွတ်စို
မျက်ဝန်းညိုလည်း
ငွေ့ရည်ခဲ၍
တိမ်မဲ မပြို
လည်လျိုနောက်ပြန်စဉ် အခိုက်

ရင်၌ချီထုံး
ဟိုစဉ်တုန်းက
အပြုံးလည်းသွေ့
ရက်မစေ့မီ
ဖူးခဲ့သည်မှ
ခွေးအ သောင်ပြင်
ထိုအသွင်သို့
စပျစ်ကိုမြင် ချဉ်မိပြီ

မျို၍မရ
ပျို့အန်ချငြား
ငါကားမရည်
ဘယ်ဆီဘယ်သို့
ဤမြို့မှထွက်
နှုတ်ဆက်လက် ရမ်း
ပင့်သက်နွမ်းတို့ ပြေခဲ့ချိန်။


13 မှတ်ချက်:

  1. ညောင်ညိုရိပ် Says:

    မျို၍မရ ပျို့အန်ချငြား ငါကားမရည် ဆိုတာလေးက တစ်ပုဒ်လုံးရဲ့ သာရ တစ်ခုပဲလို့ တွေ့လိုက်ရတယ်။
    သူ့နောက်မှာ ဖြောင့်မှန်ခြင်းတွေ အစီအရီပဲ...။ ကျူပ်ကတော့ အဲဒီ တစ်ချက်နဲ့ ပင့်သက်နွမ်းတို့ ဖြေခဲ့ပါတယ်။ ကျန်းမာပါစေဗျာ..

  1. စံပယ်ချို Says:


    ရင်၌ချီထုံး
    ဟိုစဉ်းတုန်းက
    အပြုံးလည်းသွေ့
    ရက်မစေ့မီ
    ဖူးခဲ့သည်မှ
    ခွေးအ သောင်ပြင်
    ထိုအသွင်သို့
    စပျစ်ကိုမြင် ချဉ်မိပြီ////ဒီအပိုဒ်လေးရင်ထဲထိတယ်
    စာလုံးပေါင်းလေးပြင်လိုက်အုန်းနော်.
    (ဟိုစဉ်းတုန်းက)ဟိုစဉ်တုန်းက ထင်တာပဲ
    ယောက်ခမ

  1. နွေတေးရှင် (မင်းဧရာ) Says:

    ပြင်လိုက်ပါပြီဗျာ
    ကျေးဇူးအထူး ယောက္ခမ ရေ။

  1. ဘုန်း ၂ တောက် Says:

    ဒီကဗျာလေးဖတ်ပြီး နိုင်ငံ့ခြား စထွက်ခဲ့တဲ့ ပုံရိပ်လေးကို ပြန်မြင်ယောင်မိတယ်။
    ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

  1. ပဥာက် Says:

    ရုတ်ရုတ်တော့ မလုပ်နဲ့နော်..ကိုယ့်ထမင်းကိုယ်စားနေရတာ..
    ဖျတ်ရင်တော့ စိတ်ဆိုးမယ်..ဒါပဲ..ရဲဘော်သစ္စာ..

  1. မိုးနတ်ကြယ်စင် Says:

    တပုဒ်လုံးကို ကြိုက်တယ်အကိုတော်ရေ....
    ခေါင်းစဉ်လေးကိုက ထိတယ်..
    ခင်တဲ့...မိုးနတ်

  1. lwannaung Says:

    မပြောပဲ ပြောလိုက်တဲ့ အကြောင်းအရာလေးတွေ.။ နှစ်သက်မိတဲ့ ကဗျာ။

  1. Candy Says:

    သွယ်ဝိုက်သောနည်းနဲ့ပေါ့ ဟတ်လား :)

  1. Angelhlaing(May everybody be happy and healthy! Says:

    ကဗျာရေးဟန်နဲ့ အသုံးနှုန်းလေးတွေကို အားကျမိတယ် မောင်လေးရေ... ကာရန် အချိန်ဆက် မိလှတယ် ..

  1. ဆူးသစ် Says:

    မရောက်တာကြာခဲ့ပြီညီလေးရေ။မင်းပြောသလိုပင့်သက်နွမ်းတွေကပြေတဲ့အချိန်ရောက်နေလို့လားမသိပါဘူး။မြန်မာပြည်ကိုပြန်ရောက်နေတယ်လေ။အားလုံးရဲ့အနားမှာပေါ့။ဒီလိုပေါ့ကွာ။တစ်နေ့တော့အစ်ကိုတို့တစ်တွေပြန်ဆုံကြဦးမှာပါ။အခုတော့ခဏပျော်ခွင့်ရတုန်းပျော်ရဦးမယ်။ကဗျာလေးကောင်းတယ်။တည်ငြိမ်တယ်။စကားလုံးထိန်းထားတာလေးတွေတွေ့ရတယ်။ကောင်းတယ်။ကဗျာဖြစ်ရင်ပြီးရောမလွှတ်နဲ့။စိတ်ထဲရှိတာရေးတယ်ဆိုပေမယ့်အနုပညာဆိုကတည်းကပညာတော့ပါပါစေပေါ့ကွာ။

  1. မိုးသက် Says:

    ထိတယ်. ငြိတယ်..။ အစ်ကို..
    အမြဲလက်မလွတ်တမ်းလာဖတ်ရတော့မယ်.. :)

  1. Anonymous Says:

    ဘယ်မြို့ ကိုလည်း

  1. Unknown Says:

    တကယ်လေးစားမိတယ်