ဗိုလ်ချုပ်
အသက်မရှိတော့တဲ့ အရုပ်ကြီး
မျက်ရေတွေ ဒီးဒီးစီးပြ
အဲဒါ ဒို့ဗိုလ်ချုပ်ဗျာ့လို့ ဟစ်အော်
ကျုပ်တို့မြေပေါ်မှာ
ကြောင်သူတော် ကြွက်သူခိုးနဲ့
အာဖျံကွီးတွေဘဲ တိုးတိုးလာတယ်...ဗိုလ်ချုပ်။
ခင်ဗျားရဲ့ ဓါတ်ပုံကြီးကို လက်ညှိုးထိုး
ထဘီသူခိုးတွေက အမျိုးစပ်ပြ
ဘမျိုးမို့ ချိုထွက်ရသတဲ့.....ဗိုလ်ချုပ်။
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား
ပြည်ပြေးများက ဘုန်းကြီး
နိုင်ငံ့ရေစီးမှာ
သူရို့အိတ်တွေဘဲ ကြီးကြီးလာတယ်...ဗိုလ်ချုပ်။
ဟုတ်သလိုလို မဟုတ်သလိုလို
လွှတ်တော်ကို အဆိုတင်သွင်း သမျှ
ခေါင်းပေါင်းစတွေ ညာချ
စားခွက်မရတဲ့ အသံနဲ့
တစ်ယောက်ကို တစ်ယောက် ကန်ချနေကြပြန်တယ်....ဗိုလ်ချုပ်။
အေးချမ်းစွာ စံမြန်း
ပြန်ခွင့်မရှိတဲ့ လမ်းပေါ်
ကျုပ်မလွမ်း မမျှော်တော့ပါဘူး...ဗိုလ်ချုပ်။
လှိုင်းလူးနေတဲ့ လှေပေါ်
ကျုပ်တက်နဲ့ ကျုပ်လှော်လို့
ကြုံရာကို ပထွေးတော်ရင်း
စားခွက်လုခြင်းကင်းရာက
ကျုပ်ရေးတဲ့ သည်စာ
ဖတ်ခွင့် ရပါစေ....ဗိုလ်ချုပ်။
ဗိုလ်ချုပ်...
သုဂတိဌာနေ လိပ်မူစေ၍။
မင်းဧရာ
19 07 2012 ရက်
အာဇာနည်နေ့။
A Thin Line
-
* A Thin Line *
(Moe Thet Oo Lwin)
Thet Oo gently pushed open the window. A soft, golden sunlight poured in
like liquid gold, accompanied by a cool,...
19 July 2012 at 07:04
မှတ်ချက်
ပြည်ပြေးများက ဘုန်းကြီးဆိုတဲ့စာပိုဒ်က
ဘုန်းတန်ခိုးကြီးတာကို ဆိုလိုခြင်းဖြစ်ပါသည်။
19 July 2012 at 08:44
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား
ပြည်ပြေးများက ဘုန်းကြီး
နိုင်ငံ့ရေစီးမှာ
သူရို့အိတ်တွေဘဲ ကြီးကြီးလာတယ်...ဗိုလ်ချုပ်.............................................................အဲဒီအပိုဒ်လေးကိုအကြိုက်ဆုံးဖြစ်မိတယ်
(အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား)ပြည်တွင်း
ပြည်ပ အဲလိုလူတွေအတော်များများတွေ့နေရတယ်
19 July 2012 at 19:38
ကိုမင်းဧရာ လက်စွမ်းထက်လှချေလား။တစ်ပုဒ်လုံးကို ကြိုက်တယ်ဗျာ
19 July 2012 at 22:38
ထိထိမိမိ ကဗျာလေး ဖတ်သွားတယ် ဦးကြံသကာရေ :D
20 July 2012 at 00:14
လာရောက်အားပေးခဲ့တယ်။
လှလှပပ ရေးသွားလိုက်တာ
ခင်မင်တဲ့
အလွမ်း
20 July 2012 at 03:35
ပထမတော့ ဘုန်းကြီးကို ဘုန်းဘုန်းတွေလို့ မှတ်နေတာ။ သေချာပြန်စဉ်းစားတယ်။ ပြန်သဘောပေါက်သွားတယ်။ ဘုန်းတန်ဖိုးအာနုဘော်ကြီးမားတာကို ပြောတာနေမှာပါလေလို့။
ထိထိမိမိ ရှိလှတဲ့ ကဗျာလေးတစ်ပုဒ်ပါ ဒကာတော် ကိုနွေးတေးရှင်ရေ။
20 July 2012 at 06:57
သိပ်ထိ သိပ်ငြိတဲ့ ကဗျာလေး ပေါ့ ကိုမင်းဧရာ။ အရမ်းကြိုက်၏။
24 July 2012 at 06:58
ဗိုလ်ချုပ်ကိုအိတ်ဖွင့်ပေးတယ်ဆိုလို့ ခေါင်းစဉ်နဲ့တင်လန့်နေတာ။ ဖတ်ကြည့်တော့ ဗိုလ်ချုပ်ကိုတိုင်တည်ထားတာပဲ။
ကဗျာ ကောင်းပါညီလေးရေ။ ရင်ထဲမှာသိုထားတာတွေ ထပေါက်လာတာပဲ။