(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဥယျာဉ်မှုးများ အလိုရှိသည်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သင်တိုက်သည့် သွေး
သင်ပေးသည့် အား
သင့် သွေးဓါးကား
ထောင်လွှား တစ်ရက်
ကောင်းကင် ထက်၌ လွင့်တက် ၀ဲပျံ                                                                                                           
ထောင်စု အလံ
 ဦးမှာ ပန်၍     ။


ကမ္ဘာမကြေ
တေးကို စေကြ
လှိုင်းကြွ ဖြင်းဖြင်း
သွေးခင်း ဖြန့်ဖြန့်
သန့်သန့် ရဲနီ
ငါသည် မြန်မာ
သင်  ကြွေးပါလော့။

ထိုမည် တစ်ရက်
အနာဂတ်၌
လွင့်တက် ၀ဲပျံ
ပြည့် အလံ ဆီ
ငါတို့ရည်လျှက်
  
ချွေးစက် ကိုလောင်း

ပင်ပေါင်း ပန်းဝေ
ကမ္ဘာ မကြေ
တေးချင်း မြေသို့
ကျွန်စေပို့၏...။

နွေတေးရှင် 

သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းဆောင်အတွက် အလှုရှင်များစာရင်း 

မလေးရှားနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ

လေးစားစွာဖြင့်
ကိုရင်
02:12(GMT)


3 မှတ်ချက်:

  1. သူကြီးမင်း (တုံးဖလား) Says:

    ကဗျာတွေက အားပါလှချည်လား မောင်မင်းဧရာ...

    သူ့ကဗျာဖတ်ရတာ တိုက်ပွဲခေါ်သံ ဖတ်နေရသလိုဘဲ။
    တော်ကြာ အလှူရှင်တွေ လန့်ဖျတ်ပြီး ထွက်ပြေးကုန်ပါဦးမယ်။ ဘာသာပြန်လေးပါ ခပ်ရေးရေး ထည့်ပေးပါဦး။း))))))))))))))

  1. mstint Says:

    ဟုတ်ပါ့နော်။ ကဗျာလေး ဖတ်ရတာ အားမာန်အပြည့်နဲ့ ရဲသွေးတွေတောင်ကြွလာတယ်း)
    ပြုပြုသမျှကုသိုလ်အစုစုအတွက် သာဓု သာဓု သာဓုပါကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. လွင်ပြင်လှိုင်းငယ် Says:

    ကဗျာအရမ်းကောင်းတယ်။အားတက်စေတဲ့ ကဗျာမျိုးပါပဲ ။