(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆူး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဝ မရှိတဲ့ဘောင်ကို
ထဆင်ထူးထောင်ပြီး ၀ိ လုပ်ဖို့
ကိုယ့်ဖာသာလက်ကုတ်ထလိုက်တယ်


လုံးသလိုလို ပြားသလိုလို
ကျွန်တော့်ဘ၀လို ကမ္ဘာကြီးက
မှုတ်ထုတ်ခွင့် မရတဲ့ သက်ပြင်း
ကိုယ့်ဆန္ဒကိုယ် ချနင်းလို့
သိတတ်ခြင်း သင်္ကေတ တွေက
နှလုံးသားကို အလဲထိုးထိုးချသွားတော့....


သမုဒယကြောင့် ကြိုးလျော့ရတဲ့ အတ္တ
အသားမာ ဗလပွနဲ့
သားသတ်ကုန်းအ၀က နွားတစ်ကောင်လို
လည်ပြန်စောင်တဲ့အကြည့် ဘာတွေရှိခဲ့မလဲ

ကြေကွဲမှု့ ရက်ရှည်ထဲမှာ
လွင့်ဝဲနေစဲ လိပ်ပြာ
ထိမ်းချုပ်ခွင့် မသာခဲ့ပြန်ဘူး

အနက်ရှိုင်းဆုံးဆူးဖူးတာပေါ့
ထပ်ကျော့ခွင့် အရှိတဲ့အလွမ်း
လေသရမ်းလို့ဘဲကြွေကြွေ
နွေခြွေ့လို့ဘဲ နွမ်းနွမ်း
ကျွန်တော့်အလွမ်းတွေနဲ့
လန်းစေ့ချင်သေးတယ်။


14 မှတ်ချက်:

  1. ညိမ်းနိုင် Says:

    ဘဂျီး.....ဘဂျီးအလွမ်းတွေနဲ့ လန်းသွားတယ်ဗျ....:)
    (ဘဂျီးအလွမ်းတွေနဲ့လန်းရတာကလည်း လူကိုအသက်
    ၆၀လောက်ဖြစ်ဖြစ်သွားတာတစ်ခုပဲဆိုးသဗျာ....:)))

  1. စံပယ်ချို Says:

    အနက်ရှိုင်းဆုံးဆူးဖူးတာပေါ့
    ထပ်ကျော့ခွင့် အရှိတဲ့အလွမ်း
    လေသရမ်းလို့ဘဲကြွေကြွေ
    နွေခြွေ့လို့ဘဲ နွမ်းနွမ်း
    ကျွန်တော့်အလွမ်းတွေနဲ့
    လန်းစေ့ချင်သေးတယ်-------
    ဟုတ်တယ် ဒီအတိုင်းထပ်တူပဲ

  1. အလွမ်းမြို့ Says:

    စာသားတွေက ကောင်းထှာ။
    အားပေးသွားတယ်။
    လေသရမ်းလို့ဘဲကြွေကြွေ
    နွေခြွေ့လို့ဘဲ နွမ်းနွမ်း
    ကျွန်တော့်အလွမ်းတွေနဲ့
    လန်းစေ့ချင်သေးတယ်။


    ခင်တဲ့
    အလွမ်း

  1. mstint Says:

    ကဗျာကို တစ်ပုဒ်ပြီးတစ်ပုဒ် မရိုးအောင် စပ်ပြနေတော့ ကဗျာစပ်တတ်ခြင်လာပြီ မင်းဧရာရေ။ ပါရမီကမပါလေတော့ .....း) အလွမ်းကဗျာလေး အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. လွင်ပြင်လှိုင်းငယ် Says:

    လူပျိုကြီးတွေ အချိန်တန်တော့လဲ လွမ်းတတ်လာပြီပေါ့။။။

  1. Angelhlaing(May everybody be happy and healthy! Says:

    အနက်ရှိုင်းဆုံးဆူးဖူးတာပေါ့
    ထပ်ကျော့ခွင့် အရှိတဲ့အလွမ်း
    လေသရမ်းလို့ဘဲကြွေကြွေ
    နွေခြွေ့လို့ဘဲ နွမ်းနွမ်း
    ကျွန်တော့်အလွမ်းတွေနဲ့
    လန်းစေ့ချင်သေးတယ်။...

    တစ်ကယ်လန်းတာပဲ....မောင်လေး..ရေ။

  1. Candy Says:

    ကောင်းလိုက်တာ......
    ဘာပြောရမှန်းတောင် မသိဘူး..
    တပုဒ်ဆို တပုဒ်
    Always perfect :D

  1. ဘုန်းဘုန်းတောက် Says:

    လုံးသလိုလို၊ ပြားသလိုလိုနဲ့ ကျနော့်ဘ၀လို ကမ္ဘာကြီးက...
    စာသားရော အဓိပ္ပာယ်ပါ အားလုံးသဘောကျတယ်၊ ကြိုက်တယ်၊ ခိုက်တယ် ဒကာတော် နွေတေးရှင်(မင်းဧရာ)ရေ။

  1. ဆူးသစ် Says:

    အဲဒီဆူးက တော်တော်ဆိုးတာပဲ။ အလွမ်းတွေနဲ့တောင် လန်းစေမှာတဲ့လား။ ညီလေးရေ-ဆူးဆိုတာလည်း တစ်ခါတစ်ခါ မလိုချင်ပေမယ့် လိုချင်သလိုဖြစ်ခဲ့လေသလားမသိဘူးနော်။

  1. ကိုရင် Says:

    လူသာ မလန်းတာ ကဗျာတွေကတော့ ကွန့်မြူးနိုင်တုန်းပဲကို

  1. သူကြီးမင်း (တုံးဖလား) Says:

    အနက်ရှိုင်းဆုံး စူးဖူးတယ်ဆိုတော့ အခုထက်ထိ အရှင်း နှုတ်လို့ မရလောက်သေးတယ်။ နက်နက်ဝင်လေ နက်နက်ထွင်ရလေပါဘဲ။

    ဂလို ဆူးတွေကြောင့် ကဗျာတွေ ခုန်ပေါက်နေတာ။း)

  1. မြတ်နိုးသူ(MUFL) Says:

    ကဗျာလေးခံစားသွားပါတယ်

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    အလွမ်းကဗျာလေးကို ခံစားသွားပါတယ် ရှင် ..

    ခင်မင်စွာဖြင့်
    မြတ်

  1. သိ င်္ဂါ ရ Says:

    အလွမ်းတွေ ဆူးဆူးထားတဲ့ ကဗျာ ... :)