undefined
undefined
လျှာအထူကြီးနဲ့ထိုင် မောင်နှစ်ဆိုင်သို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category: သရော် ကဗျာခါးသက်သက်ပါပဲ
ပါးရှပ်ရှပ် မျိုချ
ခပ်မောက်မောက် မာနနဲ့
အဲဒီညက ................
သီချင်းတစ်စကို ဆိုလိုက်တယ်။
ကျယ်ပြန့်နက်ရှိုင်းတဲ့ လွင်ပြင်
ကျွန်တော်သင်ခဲ့တဲ့ ရသ
ထယ်သွားတို ''စည်းချက်''အချမှာ
ခြေထိုးပြီး ကကြတယ်။
ဂီတနတ်သံ လွင့်ပျံအကြွ
မိစံပယ် အတွက်ဟန်မကျလှဘူး။
စာအုပ်ကြီး ကိုင်
မျက်မှန်အထူကြီးနဲ့ ထိုင်နေတဲ့
မောင်နှစ်ဆိုင် လူကြီးမင်းရေ........
ခင်များလျှာ အထက်
အရသာ မထွက်လှပေမယ့်
ကျွန်တော်ချက်တဲ့ ဟင်း
လက်ကမြင်းခဲ့တာမဟုတ်ဘူး။
သူငယ်တန်း အကြောင်း ဆွေးနွေးချင် ရင်
က၊ခ၊တော့ အရင်သင်ဗျာ...
ကျွန်တော် လွတ်လပ်စွာ ပျံချင်သေးတယ်။
5 February 2012 at 17:16
ပျံသာပျံပါရွှေဟသာင်္ရယ် ..မတားပါဘူးလေ
ကဗျာလေးတွေကိုခံစားလျှက်
မဒိုးကန်
5 February 2012 at 22:24
ကဗျာလေး အရမ်းကောင်းတယ်။
(ဒီလိုမျိုး မာန်လေးတစ်ခုပါနေတဲ့ ကဗျာတွေက မြတ် အရမ်းသဘောကျပါတယ်)
ခင်မင်စွာဖြင့်
မြတ်
5 February 2012 at 23:44
(မိစံပယ် အတွက်ဟန်မကျလှဘူး-----
ဟဲဟဲဟဲ မောင်းမင်းကို ငါကိုယ်တော်တရားစွဲတော်မူမယ် နာမည်သုံးထားလို့လေ)
ကျွန်တော်ချက်တဲ့ ဟင်း
လက်ကမြင်းခဲ့တာမဟုတ်ဘူး------တခါလောက်တော့ ချက်ပါ မြည်းကြည့်ရတာပေါ့
6 February 2012 at 05:06
ကဗျာလေးက မိုက်တယ်
ဖတ်ရတာ ကျေနပ်ဖို့ ကောင်းတယ် မောင်လေးရေ..
6 February 2012 at 09:20
ဟိုက်.. မိုက်သဟ
17 February 2012 at 03:01
တစ်ယောက်ယောက်က တစ်ခုခုကို စော်ကားသွားတာလား။ အနုပညာနဲ့ပတ်သက်ရင်တော့ မခံချင်လှဘူး။ ကဗျာကောင်းတယ်။ အဲဒီလိုမာနမျိုးက ထားအပ်တယ်။