(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

အလွမ်းဖြင့်ရုံသော

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဥသြတစ်ကိုယ်
ခွန်းဆိုသံဝါ
ခိုကာနားစက်
ရော်ရွက်သက်ကြွေ
ဤတစ်နွေဆို
ရွာအိုဘယ်သို့ ရှိမည်နည်း။

မိုးရူးလေထန်
ဒေါသမာန်ဝင့်
ပျံလွင့်ကာချီ
ရာသီနွေနှောင်း
ဖက်ဆွတ်လောင်းချ
ပြောင်းရတဖုံ
မြသွေးရုံမှာ
ပျိုးခုံဘယ်ပုံ သာမည်နည်း။

မမြင်ရက်ကြာ
ကျွန်ရွက်ဝါငယ်
သာစေရွယ်ရင်း
ငွေနှင်းလည်းကုန်
လူလည်းထုံပြီ
အလွမ်းဖြင့်ရုံသော သည်ရက်ရှည်။


12 မှတ်ချက်:

  1. Candy Says:

    သုံးရာသီဖွဲ့လေးပေါ့နော်... ဆောင်းကြတော့ အလွမ်းနဲ့ ရုံမယ်တဲ့.. စိတ်ကူးကောင်းလိုက်တာ :D

  1. Angelhlaing(May everybody be happy and healthy! Says:

    ကဗျာဖွဲ့ဟန်လေးက လေးစားစရာပါလား မောင်လေးရေ
    အဲလိုမျိုးလေး ရေးကြည့်ချင်တယ်....ရမယ်တော့ မထင်ဘူး...:P

  1. မေဓာဝီ Says:

    ကိုမင်းဧရာရဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်။
    အလွမ်းဖြင့် ရုံသော ... ဆိုတဲ့ နာမည်လေးက လှတယ်။

    ရာသီနွေနှောင်း
    ဖတ်စွတ်လောင်းချ ... ဆိုတဲ့နေရာမှာ ဖက်ဆွတ်များ ဖြစ်မလားလို့။
    တကယ်လို့ ဖက်ဆွတ်မိုး ကို ဆိုလိုတာ ဆိုရင်ပေါ့ ... ။

  1. နွေတေးရှင် (မင်းဧရာ) Says:

    ကျွန်တော်ပြင်လိုက်ပြီနော် အစ်မကြီး
    ပြောပြပေးခဲ့တဲ့အတွက် ကျေးဇူးအထူးပါဗျာ။

  1. Han Kyi Says:

    အလုပ်တွေများနေလို့ အလည်မရောက်ဖြစ်တာ တောင်းပန်ရတော့မှာပဲ ဧရာရေ...ထုံးအိုးထဲကို ရေဖြည့်သွားတာ ကျေးဇူးပါဗျား...

    သုံးရာသီ အလှကဗျာကို ဖတ်ရတာ ကောင်းလှပါဘိတော့တယ်...

    သုံးရာသီတွင် သုံးမျိုးမြင်သည်
    ရာသီအလှ စာစီပြလို့
    ကြည်မြခွန်းချို ဧရာကိုလည်း တောင်းပန်သဗျား...

    ဟန်ကြည်

  1. မောင်သီဟ Says:

း) မြန်မာကဗျာလေးတွေရေးနိုင်တဲ့သူတိုင်းကို
    အားပေမယ်း) လေးစားတယ်

  1. မဒမ်ကိုး Says:

    ဆောင်းဆိုတဲ့အရသာကိုခံစားချင်စမ်းပါဘိး))


    ကိုမင်းဧရာရေ လင့်လဲမတက်ဘူး ခုလာမှတွေ့တယ်လေ.
    အဲဒီတော့ကဗျာကောင်းတွေလွတ်တာပေါ့နော

    ခင်မင်လျှက်

    မဒိုးကန်

  1. ဆူးသစ် Says:

    အလွမ်းနဲ့ရုံထားတယ်ဆိုတာလေးကိုက ချစ်ဖို့ကောင်းတဲ့စာသားဖြစ်နေပြီ။ ၀မ်းသာတယ်ညီလေး။ ကဗျာကောင်းတယ်။ ကြိုက်တယ်။ အိမ်ကိုပဲလွမ်းနေတာလား။ ချစ်သူကိုလွမ်းတာလား။ ရာသီထဲမှာ စာသီကြည့်တာပေါ့။

  1. သူကြီးမင်း (တုံးဖလား) Says:

    အလွမ်းဖြင့် ရုံ
    လုံပါရဲ့လား။

    ကိုဧရာ
    ဒီကဗျာရေးတယ်
    ဆွေးပေါ့တအား။း)

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    ကဗျာလေး ဖတ်သွားပါတယ်။

    ခင်လျက်
    မြတ်

  1. စံပယ်ချို Says:

    ပို့စ်တွေမတက်လို့မရေးဘူးထင်နေတာ
    သူများတွေထဲတွေ့မှသိရတာဗျို့
    ဒါကြောင့်နောက်ကျနေပါတယ်

  1.ွှသွင် Says:

    ရွာအိုလည်းသာ
    ပျိုးညီညာ လို့ 
    သည်ခါ နေ့ များ
    အလွမ်းခါး တွေ
    ဝေးပါစေ ...။