ဟောဒီ မျက်ရည်စက်က
သမုဒယ လို့ဆိုခဲ့ရင်
မောင် ခေါင်းခါဖို့ မပြင်ဘူး
သမုဒယ လို့ဆိုခဲ့ရင်
မောင် ခေါင်းခါဖို့ မပြင်ဘူး
ငွေကြယ်တွေ ဖူးဖို့
ညဦးက မှောင်ရရင်
အဲဒီ ရင်ပြင်က သောက
မောင်ဖွဖွလေး သိမ်းထားမယ် ။
ညဦးက မှောင်ရရင်
အဲဒီ ရင်ပြင်က သောက
မောင်ဖွဖွလေး သိမ်းထားမယ် ။
ဘယ်တော့မှ မပြယ်သော ရနံ့
ခင်းဖြန့်ထားတဲ့ မြေလွှာ
ကြွေရဲမှ ဝေ ပါခင် ။
ခင်းဖြန့်ထားတဲ့ မြေလွှာ
ကြွေရဲမှ ဝေ ပါခင် ။
လွင့်စင်သွား သော မျက်ရည်စက်
ခွင်းထွက်သွားတဲ့ နှလုံးသား
နှစ်သိပ့်ဖို့ကြိုးစား ရင်း
သမုဒယ နံနက်ခင်း မှာ
ချစ်ခြင်းတို့ ဝေခဲ့ပြီ
သစ္စာ တရားနဲ့ချည်သော ကြိုး
ခပ်တိုးတိုးလေး ရိုက်ခတ်
အဝေးဆုံးထိ ခရီးဆက်မယ် ။
ခွင်းထွက်သွားတဲ့ နှလုံးသား
နှစ်သိပ့်ဖို့ကြိုးစား ရင်း
သမုဒယ နံနက်ခင်း မှာ
ချစ်ခြင်းတို့ ဝေခဲ့ပြီ
သစ္စာ တရားနဲ့ချည်သော ကြိုး
ခပ်တိုးတိုးလေး ရိုက်ခတ်
အဝေးဆုံးထိ ခရီးဆက်မယ် ။
16 June 2013 at 08:57
ငွေကြယ်တွေ ဖူးဖို့ ညဦးက မှောင်ရ ရင် ထာဝစဉ် ဆိုသော ကာလ ခင် အပိုင် ရချင်။
................................
16 June 2013 at 09:22
ကြွေရဲမှ ဝေပါတဲ့လား ဘမူံ..
ကျူပ်အရမ်းနှစ်သက်သဗျ..။
ဒါပေမယ့်..
ကျူပ်ကတော့လေ..ကြွေရဲမှ ဝေပါလို့တောင်
မတိုက်တွန်းချင်ဘူး...
ဝေသည်ဖြစ်စေ
ကြွေသည်ဖြစ်စေ..
ကျူပ်ကတော့
ဒီပန်းလေးကိုမြတ်နိုးနေမိဦးမှာပဲ..။
17 June 2013 at 04:13
သစ္စာတရားနဲ့ ချည်ထားမှတော့ ခရီးဆုံးထိ လျှောက်လှမ်းနိုင်မှာပါ နော့ ဘမှုန် ^_^
17 June 2013 at 04:14
အပေါ်က ငါ့အစ်ကိုကလည်း In love ဖြစ်နေတယ်။ ဘမှုန်ရေ ကြည့်ကျက်ထိန်းဦး ဟဟဟ xD
19 June 2013 at 06:51
လွမ်းရခြင်းမှကင်းပါ စေ
19 June 2013 at 12:11
ခင့် ရဲ့ မောင် မှာ အလွမ်းတွေ မရှိစေရဘူး ဆိုတာ ခင်က အသိဆုံး ဖြစ်လိမ့်မယ်..။
20 June 2013 at 23:50
သစ္စာ တရားနဲ့ချည်သော ကြိုး
ခပ်တိုးတိုးလေး ရိုက်ခတ်
အဝေးဆုံးထိ ခရီးဆက်မယ် ။
အရမ်းကြိုက်တဲ့ အရေးအသားလေးပါ..
ဟုတ်ပါတယ်.. သစ္စာတရားကို လက်ကိုင်ထားရင် .. ဘယ်လောက်ကြာကြာ ဘယ်လောက်ဝေးဝေး လက်တွဲသွားနိုင်မှာပါ
21 June 2013 at 03:20
\ifxJucif
arSmifvGef;wJh nawGrSm tvGrf;awGudk wG,fzuf&if;
pGefhypfcHb0udk emjuOf;w,f
zGifh[ 0efcHcGifhr&SdwJh b0cg;cg;udk
rkef;w,f
wdwfqdwfajcmufaoG h vGef;wJh aeh&ufawGudkausmfjzwf&if;
&ifbwfxJu armifhudk rxkwfekdifao;bl;
ckrsm;awmh rkef;jyDvm;armif
22 June 2013 at 01:49
နူးညံ့ ပျံ့လွ...
ဖြုတ်ဖြုတ်နဲ့ ကြွေကျသွားပြီဗျာ...:))
ကဗျာလေးတွေက ရည်းစားကိုတောင် ကူးပြီးပေးချင်စရာ..။.
22 June 2013 at 03:45
ဘယ်အချိန် ညှစ်ညှစ်...ကဗျာဖြစ်နေတဲ့ ဧရာ့ဦးဏှောက်ကိုတောင် အားကျလာပြန်ပြီ...ဦးဟန်ကြည်တို့များတော့ ဘယ်အချိန်ညှစ်ညှစ် ကဗျောင်တွေချည်းဖြစ်နေလို့ အသက်ဒိုင်လျှိုနေရတယ်...
လှလိုက်တဲ့ကဗျာ...လူကြမ်းကြီးဦးဟန်ကြည်တောင် ငိုင်သွားတယ်...
24 June 2013 at 01:57
ခင့်ကို ရည်ရွယ်ရေးတဲ့ကဗျာလေး
အသက်ဝင်နုရွ လှပနေလိုက်တာ
..
24 June 2013 at 19:41
ဟယ် ရေးထားတဲ့ကဗျာလေးကလှလိုက်တာ။ ကြွေရဲမှ ဝေပါတဲ့။ ခင်နဲ့အတူ အဝေးဆုံးထိ ခလုတ်မထိဆူးမငြိဘဲ ခရီးဆက်နိုင်ပါစေ
6 July 2013 at 00:34
ဝေါင်း....
အတော်လေး ကြိုက်သွားတယ်။ ခံစားချက်ကောင်းတုန်း များများတွန်းထား ကဧရာ။ ဒါမျိုးကို တော်လောက် ကဗျာစရာ မရေးနိုင်ဘူး။ တကယ်ပြောတာ။ စကားလုံး နုရုံတင်မကဘူး။ ဝေါဟာရအလန်းလေးတွေပါ စွဲမက်စရာပါလာတယ်။ ဥပမာ။ ကြွေရဲမှ ဝေပါခင်။
8 July 2013 at 00:51
အရမ်းကောင်းတဲ့ ကဗျာလေးပါ..fb ပေါ်က ဘမှုံဆိုတာ.. ဘယ်သူလဲ ခုမှ သိခွင့်ရပါတော့တယ်..
4 March 2022 at 13:16
Lucky 15 Casino is live on JT Marriott - KT Hub
Lucky 15 전주 출장안마 Casino is live on JT Marriott - 강릉 출장마사지 JT Marriott International Hotel 논산 출장안마 in Las Vegas. Book your stay 공주 출장샵 today with a 광주 출장마사지 JT Marriott Rewards member code.