(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ငှက်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

လွတ်မြောက်ခြင်း တိမ်တိုက်နဲ့
အဝေးဆုံးအထိ လိုက်မျော
သမုဒ္ဒရာထက်ကြယ်နေသော   ၀မ်းတစ်ထွာ
တစ်ခါ တခါတော့
ပြဿနာတွေက  ငါ့ကိုရှာတယ်


  ရှောင်ဖို့မလွယ်တဲ့   လမ်းကြားမှာ
ချောင်ပိတ်အရိုက်ခံရပါများတဲ့ စိတ်
တစ်ခါ တစ်ခါတော့
ငါဖိတ်ခဲ့တဲ့  ပြဿနာ တွေ

တောင်ပြန်လေကို  ခွင်း
မြောက်လေပြင်းကို  ဆန်
သိပ်သည်းခြင်း နံရံကိုဖေါက်ဖို့
ငါ့ အတောင်ကို  မြှောက်ခဲ့ပြီ။



7 မှတ်ချက်:

  1. mstint Says:

    မဖိတ်ခေါ်ပဲရောက်လာလေ့ရှိတဲ့ ပြဿနာတွေ ကမ္ဘာကုန်ကျယ်သရွေ့ပေါ့ မင်းဧရာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. ဘုန်းဘုန်းတောက် Says:

    ကိုဇော်ပြောတာ သွားသတိရတယ်...ပြဿနာမရှိတဲ့နေရာကတော့ သချိုင်္င်းမှာပဲ ရှိတယ်ဆိုပဲ။ ဒီခန္ဓာရှိနေသရွေ့တော့ ပြဿနာကတော့ ရှိနေမှာပဲတဲ့လေ။

    နွေတေးရှင် ပြောသလိုပါပဲလေ။ တစ်ခါတစ်ခါ ပြဿနာက လူကို ရှာတယ်။ တစ်ခါတစ်ခါ လူက ပြဿနာကို ရှာတယ်။

  1. ကြည်ဖြူခင်ခင် Says:

    ဘယ်လောက်ပြဿနာတွေကြုံပါစေဦးတော့.. ကဗျာလေးလိုပဲ.. တောင်ပြန်လေကို ခွင်း.. မြောက်လေပြင်းကို ဆန်.. သိပ်သည်းခြင်း နံရံကိုဖောက်ပြီး အတောင်တွေကို မြှောက်လို့ ခပ်မြင့်မြင့်သာ ပြန်နိုင်ပါစေရှင်..။

  1. Candy Says:

    တောင်ပံဆန့်၍ ပျံသန်းစေ :D :D :D

    ဒါနဲ့ သမုဒ္ဒရာထက်ကြယ်တာက "ကျယ်" ယပင်းနဲ့ မဟုတ်ဘူးလား =.='

  1. လရိပ်အိမ် Says:

    ဘဝကဒီလိုပါဘဲ။ လူတိုင်းဒီလိုဘဲဖြစ်နေကြတာပါ။ အရေးကြီးတာက စိတ်ဓာတ်ခိုင်မာဖို့ပါဘဲ။

  1. ဆူးသစ် Says:

    ပျံနိုင်သရွေ့တော့ပျံဦးပေါ့.......။ ဘ၀ဆိုတာဒီလိုပဲညီလေးရေ။

  1. မြတ်နိုးသူ Says:

    တောင်ပြန်လေကို ခွင်း
    မြောက်လေပြင်းကို ဆန်
    သိပ်သည်းခြင်း နံရံကိုဖေါက်ဖို့
    ငါ့ အတောင်ကို မြှောက်ခဲ့ပြီ။
    အားပေးသွားပါတယ်