(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဇောက်ထိုးဖြစ်နေတဲ့ မြို့

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ပြုပြင်ရင်း  ပြောင်းလဲရင်း
လမ်းအောက်နိမ့်ဆင်းသွားတဲ့
 ပလက်ဖောင်းများ
ပွင့်လင်းမြင်သာမှု့ ဆိုတဲ့စကားနဲ့
ဟင်းလင်းဖွင့်  ရင်တံခါးအချို့
ကျုပ်တို့မြို့ရဲ့ ဆည်းဆာတွေမှာ
 တံတွေးမျိုချသံတွေ စိပ်လာတယ်

နှစ်ဆယ့်ငါးပြားတန် ဇီးတစ်ပြားနဲ့
သူငယ်တန်းကို သွားကြတဲ့  ကာလ
ဆန်တစ်ပြည် အစိတ်ကြောင့် မှောက်ချတဲ့ သပိတ်
တစ်ထောင်ဖြစ်လို့ တိတ်နေသလို
ငါးဆယ်တန် ကျပျောက်တာ
လိုက်ရှာဖို့ မလိုတော့ဘူး

နှစ်ထောင့်ဆယ့်နှစ်ရဲ့
အကျော်ကြားဆုံးဖြစ်တဲ့  မြို့တော်
ကုန်ဈေးနှုန်းတွေ  မိုးပေါ်ခေါ်ပြ 
အ၀ီစိထိ ထိုးကျတဲ့ စီးပွားရေးနဲ့
သတင်းမွှေးတဲ့  ခေါင်းဆောင်တွေ က

လေတွေထဲ  အိမ်ဆောက်
မျောက်တွေကို  အုန်းသီးမြှောက်ပြ
ခုန်ပေါက်ကကြတဲ့   သူတွေ

သံပရာသီးစားပြီး
ချိုတယ်လို့အပြောများတဲ့  လောက
ကျုပ်အောချ  လိုက်တယ်။


9 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးများမှားနေရင် ပြင်ပေးခဲ့ကြပါဗျာ။

  1. မြတ်နိုးသူ Says:

    သံပုရာသီးစားပြီး
    ချိုတယ်လို့အပြောများတဲ့လောကကြီးကို
    တကယ်ပဲအောချသင့်ပါတယ်
    အားပေးသွားပါတယ်နော်

  1. လွင်ပြင်လှိုင်းငယ် Says:

    အရမ်းမှန် အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ

  1. ဘုန်းဘုန်းတောက် Says:

    "ကုန်ဈေးနှုန်းတွေ မိုးပေါ်ခေါ်ပြ
    အ၀ီစိထိ ထိုးကျတဲ့ စီးပွားရေးနဲ့
    သတင်းမွှေးတဲ့ ခေါင်းဆောင်တွေ"
    သဘောကျတယ်...

  1. စံပယ်ချို Says:

    နှစ်ထောင့်ဆယ့်နှစ်ရဲ့
    အကျော်ကြားဆုံးဖြစ်တဲ့ မြို့တော်
    ကုန်ဈေးနှုန်းတွေ မိုးပေါ်ခေါ်ပြ
    အ၀ီစိထိ ထိုးကျတဲ့ စီးပွားရေးနဲ့
    သတင်းမွှေးတဲ့ ခေါင်းဆောင်တွေ က
    လေတွေထဲ အိမ်ဆောက်
    မျောက်တွေကို အုန်းသီးမြှောက်ပြ
    ခုန်ပေါက်ကကြတဲ့
    အင်း-----ဟုတ်တာတွေပဲ ရေးနေတယ်နော်
    ရွာပြင်မှာနေရာယူထားပလား--ကြောက်တတ်ရင်မဖော်လိုက်ခဲ့ပေးပါ့မယ်

  1. သူကြီးမင်း (တုံးဖလား) Says:

    "ကျုပ်တို့မြို့ရဲ့ ဆည်းဆာတွေမှာ
    တံတွေးမျိုချသံတွေ စိပ်လာတယ်"

    မဟုတ်မှလွဲရော။ မောင်မင်းဧရာတစ်ယောက် ညနေခင်း ဘီဘီဆွဲဖို့ ဘိုင်ပြတ်နေလို့ ဂလုဂလု ဖြစ်နေပုံရတယ်။း))
    ....

    ကဗျာလေးက အတော်မိုက်သားကလား။

  1. Angelhlaing(May everybody be happy and healthy! Says:

    သံပရာသီးစားပြီး
    ချိုတယ်လို့အပြောများတဲ့ လောက
    ကျုပ်အောချ လိုက်တယ်။


    အဲ့လိုလောကကကြီး ဖြစ်နေပြီ ထင့်ပါရဲ့....

  1. ဆူးသစ် Says:

    ငါ့ညီတောင် ခံစားချက်တွေ လွှတ်ဖောက်တတ်လာပြီ။ အေးပါကွာ-အစ်ကိုတို့မြို့ကလည်း ညီလေးပြောသလိုဖြစ်နေပါပြီ။ နောက်ဆို တစ်ထောင်တန်လည်း ကောက်ချင်မှကောက်တော့မှာကွ။

  1. အလွမ်းမြို့ Says:

    လေတွေထဲ အိမ်ဆောက်
    မျောက်တွေကို အုန်းသီးမြှောက်ပြ
    ခုန်ပေါက်ကကြတဲ့ သူတွေ

    သံပရာသီးစားပြီး
    ချိုတယ်လို့အပြောများတဲ့ လောက
    ကျုပ်အောချ လိုက်တယ်။


    ကောင်းလိုက်တဲ့ စာသားတွေ အားပေးသွားတယ်။