(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ခံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဒေါင်းတစ်သုတ်
ဗျိုင်းအုပ်ကို ချီဆင်း
ရွာထဲမှာလည်း
အိုးနင်း ခွက်နင်းနဲ့။

ငါ့အရေး  ငါ့အခင်း
ခပ်ဖျင်းဖျင်း ပြဇာတ်တစ်ပုဒ်
ထန်းသီးမှုတ်တို့
ဖရဲသီးပြုတ်ကိုခဲကြ
တစ်ချို့ကတော့
"'ဘို''သွေးတွေကြွလို့။

ဘယ်သူ ဘာလုပ်လုပ်
ဟောဒီ ဇနပုဒ်ကတော့
ဖျံအုပ်လည်း ခံ
ဗျိုင်းသုတ်လည်း ခံ
ငါး ဖြစ်ရတဲ့ ဒဏ်မှာ
ခင်ဗျားတို့ အသံကိုကြောက်တယ်။


6 မှတ်ချက်:

  1. ချစ်သူမောင် Says:

    ဒေါင်းယောင်ဆောင်တဲ့ဗျိုင်းလားကွာ

    ချစ်သူမောင်

  1. စံပယ်ချို Says:

    မင်းဧရာတွေ ကဗျာကနေပြောသွားလိုက်တာများဟယ်
    တော်ချက်က မောင်တလုံးစကားဆိုရင်တော့
    လန်ထွက်နေတာပဲ အရင်ဆုံးရောက်လာတယ်ထင်နေတာ
    ပေါ်ကချစ်သူမောင် ဦးသွားတာပဲ

  1. Candy Says:

    မိုက်တယ်..
    အစ်ကိုကဗျာတွေကတော့ ကောင်းမြဲပဲ...
    များများရေးပါဂျာ

  1. သူကြီးမင်း (တုံးဖလား) Says:

    ခံပြီးရင်တော့ စံကောင်း စံနိုင်ရပါတယ် ကိုမင်းဧရာ။

    ကဗျာလေးကတော့ တကယ့်ရှယ်ဘဲ။
    ရာသီစာ ကဗျာလေးဘဲပေါ့။

  1. ဆူးသစ် Says:

    ပေါက်ကွဲနေပြန်ပြီထင်တယ်။ တင်စားထားတာတွေကိုလိုက်ဖမ်းကြည့်နေတာ.။ တော်တော်ဖမ်းယူရတယ်။ ဒါတောင်နားမလည်သေးဘူး။ ရေးလက်ကောင်းနေတယ်။

  1. Unknown Says:

    အကိုရေ မရောက်တာတောင်ကြာခဲ့ပြီနော်
    အရေးအသားတွေကတော့အရင်လိုပဲ ထက်မြက်နေတုန်းပါပဲလား

    (ဒုတိယ)