ဒေါင်းတစ်သုတ်
ဗျိုင်းအုပ်ကို ချီဆင်း
ရွာထဲမှာလည်း
အိုးနင်း ခွက်နင်းနဲ့။
ငါ့အရေး ငါ့အခင်း
ခပ်ဖျင်းဖျင်း ပြဇာတ်တစ်ပုဒ်
ထန်းသီးမှုတ်တို့
ဖရဲသီးပြုတ်ကိုခဲကြ
တစ်ချို့ကတော့
"'ဘို''သွေးတွေကြွလို့။
ဘယ်သူ ဘာလုပ်လုပ်
ဟောဒီ ဇနပုဒ်ကတော့
ဖျံအုပ်လည်း ခံ
ဗျိုင်းသုတ်လည်း ခံ
ငါး ဖြစ်ရတဲ့ ဒဏ်မှာ
ခင်ဗျားတို့ အသံကိုကြောက်တယ်။
အကြိုက်.....
-
ဗဟန်း ရေတာရှည်လမ်းဟောင်းထဲက ဦးရွှေမန်း ဆီချက်ခေါက်ဆွဲကို ကျနော်
သွားစားဖို့ပြောပြောနေတာ ဟိုး 2024 နှစ်အစပိုင်းကတည်းက....။ 2025
မှပဲအောင်မြင်တော့တယ်...
26 March 2012 at 18:52
ဒေါင်းယောင်ဆောင်တဲ့ဗျိုင်းလားကွာ
ချစ်သူမောင်
26 March 2012 at 23:26
မင်းဧရာတွေ ကဗျာကနေပြောသွားလိုက်တာများဟယ်
တော်ချက်က မောင်တလုံးစကားဆိုရင်တော့
လန်ထွက်နေတာပဲ အရင်ဆုံးရောက်လာတယ်ထင်နေတာ
ပေါ်ကချစ်သူမောင် ဦးသွားတာပဲ
27 March 2012 at 10:34
မိုက်တယ်..
အစ်ကိုကဗျာတွေကတော့ ကောင်းမြဲပဲ...
များများရေးပါဂျာ
28 March 2012 at 17:18
ခံပြီးရင်တော့ စံကောင်း စံနိုင်ရပါတယ် ကိုမင်းဧရာ။
ကဗျာလေးကတော့ တကယ့်ရှယ်ဘဲ။
ရာသီစာ ကဗျာလေးဘဲပေါ့။
8 April 2012 at 05:38
ပေါက်ကွဲနေပြန်ပြီထင်တယ်။ တင်စားထားတာတွေကိုလိုက်ဖမ်းကြည့်နေတာ.။ တော်တော်ဖမ်းယူရတယ်။ ဒါတောင်နားမလည်သေးဘူး။ ရေးလက်ကောင်းနေတယ်။
10 April 2012 at 00:20
အကိုရေ မရောက်တာတောင်ကြာခဲ့ပြီနော်
အရေးအသားတွေကတော့အရင်လိုပဲ ထက်မြက်နေတုန်းပါပဲလား
(ဒုတိယ)