undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ဥသြတစ်ကိုယ်
ခွန်းဆိုသံဝါ
ခိုကာနားစက်
ရော်ရွက်သက်ကြွေ
ဤတစ်နွေဆို
ရွာအိုဘယ်သို့ ရှိမည်နည်း။
မိုးရူးလေထန်
ဒေါသမာန်ဝင့်
ပျံလွင့်ကာချီ
ရာသီနွေနှောင်း
ဖက်ဆွတ်လောင်းချ
ပြောင်းရတဖုံ
မြသွေးရုံမှာ
ပျိုးခုံဘယ်ပုံ သာမည်နည်း။
မမြင်ရက်ကြာ
ကျွန်ရွက်ဝါငယ်
သာစေရွယ်ရင်း
ငွေနှင်းလည်းကုန်
လူလည်းထုံပြီ
အလွမ်းဖြင့်ရုံသော သည်ရက်ရှည်။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
သရော် ကဗျာ
ခါးသက်သက်ပါပဲ
ပါးရှပ်ရှပ် မျိုချ
ခပ်မောက်မောက် မာနနဲ့
အဲဒီညက ................
သီချင်းတစ်စကို ဆိုလိုက်တယ်။
ကျယ်ပြန့်နက်ရှိုင်းတဲ့ လွင်ပြင်
ကျွန်တော်သင်ခဲ့တဲ့ ရသ
ထယ်သွားတို ''စည်းချက်''အချမှာ
ခြေထိုးပြီး ကကြတယ်။
ဂီတနတ်သံ လွင့်ပျံအကြွ
မိစံပယ် အတွက်ဟန်မကျလှဘူး။
စာအုပ်ကြီး ကိုင်
မျက်မှန်အထူကြီးနဲ့ ထိုင်နေတဲ့
မောင်နှစ်ဆိုင် လူကြီးမင်းရေ........
ခင်များလျှာ အထက်
အရသာ မထွက်လှပေမယ့်
ကျွန်တော်ချက်တဲ့ ဟင်း
လက်ကမြင်းခဲ့တာမဟုတ်ဘူး။
သူငယ်တန်း အကြောင်း ဆွေးနွေးချင် ရင်
က၊ခ၊တော့ အရင်သင်ဗျာ...
ကျွန်တော် လွတ်လပ်စွာ ပျံချင်သေးတယ်။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
နဒီခွေရာ
ဤ သေလာဦး
လေရူးငယ်သုန်
ကြည်စယ် ယုံမျှ
နားသယ်စ ခို
ရယ်သွမ်းသလို
နမ်းမလို ထင့်။
မရွံ့တရွံ့
ဖွဖွလွန့်လူး
တိမ်ဖူး ငယ်ရုံ
နံ့သာမှုံ ခြယ်
နမ်းစေရွယ် မင့်
မပြယ်လွင့်စေ
ချင့်ချင့် ခြွေစဉ်
ပျော်ဝင်လှိုက်ခို
ရွှန်းစိုစိုနှင့်
ရှက်သွေး ပျိုသော
ဆည်းဆာချိန် ။
အပြည့်အစုံသို့