undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
အမျက်ဖြေနေရင်းပါဘဲ
ထပ်ဝေခြင်း ပွင့်ဖတ်အချို့
မျက်ရည်စို့စို့ အသဲကလည်း
မာနတချို့ကို ခဲထားရင်း
ကွေကွင်းခြင်း လမ်းအထက်
လှမ်းတက်တတ်တဲ့ စိတ်ခြေလှမ်းနဲ့
ကျွန်တော် တိတ်တိတ်လေး တမ်းမိတယ်။
အပြာရောင် ဆေးတစ်စက်နဲ့
အိပ်မက်ကို အနားကွပ်ရင်း
ပြယ်လွင့်ခြင်း တိမ်တိုက်လို
ရှိုက်ငိုခဲ့သော အနာဂါတ် မှာ
ကွဲအက်ခဲ့တဲ့ အသဲက
တစ်ချပ်တည်း မဟုတ်ဘူး။
အတ္တကို ရှေ့တန်းတင်ချင်ရင်
အမှန်တရားကို အရင်ကြည့်
သမာဓိမရှိတဲ့ ခုံရုံးမှာတော့
ကျွန်တော် ဘ၀ ဆုံးဖူးတယ်။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
တမ်းတခြင်း ကဗျာ
တိုးတက်ခြင်းဆိုတဲ့ စကားက
အသိတရားကို တံခါး ခေါက်တော့
ကျွန်တော်ရဲ့ နံနက်ခင်းအောက်မှာ
ကြက်တွန်သံတွေ ပျောက်ခဲ့တယ်။
နေမ၀င်ခင် မီးတွေလင်းတော့
ညနေခင်းကလည်း အကျဉ်းတန်
ကျေးငှက်တို့ အိပ်တန်းအပြန်ကို
ကျွန်တော် မမြင်ရပြန်ဘူး အမေ။
ချမ်းတဲ့အခါ ခြုံရအောင်
နွေခေါင်ခေါင်မှာ ဂွမ်းတွေဖတ်
''မမ''ခတ်ပေးတဲ့ ဖျင်စောင်
အခု သားကိုလှောင်နေတယ်။
မြေနံ့သင်းသင်း နဲ့
လေညှင်းကို ရှူရှိုက်
စပါးခင်း တစ်ဝိုက်က
ရွာရဲ့ စရိုက်ကို လွမ်းတယ်။
အမေ သိရဲ့လား...
ရွက်ဖျားမှာ နှင်း တွေသီးရင်
အဖေ တီးတဲ့ မယ်ဒလင် အောက်မှာ
သား သီချင်းတစ်ပုဒ်လောက် ဆိုချင်တယ်။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
မတမ်းလိုတော့ပါဘူး
ကမ်းပြိုတဲ့ အိပ်မက်
လောကရဲ့ အတိမ်အနက်
တိမ်ဝှက်တဲ့ ကြယ်စင် လို
မဟူရာ ရင်ကိုထိုးဖေါက်
အနာဂါတ်ကိုတည်ဆောက်ဖို့
ကန္တာရ ပေါ်လျှောက်တဲ့ ငါ....။
မငြင်သာပေမယ့်
ဝင်္ကံပါ ကိုဟားတိုက်
နေတစ်ရာ စိုက်တဲ့လွင်ပြင်
ချွေးစက်ကို အရောင်တင်
သွေးမျှင်တွေနဲ့ ပန်းချီ ရေး
ငါ ပိုက်ထွေးမယ့် ကောင်းကင်
ကြယ်စင်တွေ ယိမ်းက
သိပ်လှတဲ့ အနာဂတ်
ကန္တာရကို ဖြတ်ခဲ့တယ်။
အပြည့်အစုံသို့