ဖုန်ထဲမှာပဲ လူးလူး
ချောင်းနဖူးမှာပဲ အိပ်အိပ်
ခြုံသိပ်ရာမှာပဲ ခိုခှို
ဇာတ်နာအောင် ကျုပ်မငိုဘူး ။
ကျုပ်ကျွမ်းမှ လန်းမည့်ပန်း
ကျုပ်အလွမ်းနဲ့ ချမ်းမည့် မြင်းမိုရ်
ဟောသည့် ပြဿဒါးရက်ကို
ကျုပ်ကြိတ်ကြိတ်ပြီး ချိုပြစ်လိုက်တယ် ။
ထောင်ချင်ထောင် တန်းချင်တန်း
ငရဲထက် ကြမ်းတဲ့ ပြည်အ၀င်
မေးတင်မိတာလည်း ခဏ ခဏ
ဒါပေမယ့်လေ ကျုပ်တံတွေးတွေပဲ မျိုမျိုချနေရတယ် ။
3 September 2013 at 08:04
ကဧရာတစ်ယောက် တံတွေးတွေဘဲ မျိုမျိုချနေရတယ်ဆိုတော့ ဘီဘီဝယ်မတီးနိုင်တော့လို့ ထင်ပါရဲ့။
ကြည့်သွားကြည့်ရှောင်လေးတော့ လုပ်ဦးနော်။
ကဗျာကောင်းကောင်းလေးတွေ ဖတ်ချင်သေးတယ်။း)
3 September 2013 at 17:49
ကဗျာတချို့ .. လာဖတ်ဖြစ်ခဲ့ပါ၏ ... အလည်အပတ် နည်းခြင်း အပေါ် နားလည်ပေးစေချင်ပါသည် ခင်ဗျာ ... Blogging Sphere ထဲ ထဲထဲဝင်ဝင် ဖြစ်ရန် ... ကြိုးစားနေပါကြောင်း ....
3 September 2013 at 20:04
Fighting !!!
4 September 2013 at 00:26
တောင့်ထား ဘကြီး
4 September 2013 at 11:25
အမျိုးမျိုး သော အကြောင်းပြချက်
မရပ်နားပဲ ခုတ်မောင်းနေတဲ့ ဒီရထား
ဘူတာမှား နေတော့
တမော့မော့ နဲ့ ပြန်တက်
ခရီး ရှည်ကြီး ကို ဆက်နေရင်းက
ပြဿဒါး ရက်တွေ ဖြတ်တောက်နိုင်ပါစေ။
4 September 2013 at 15:35
ပွက်ပွက်ရယ်ညံ ဘာသံလို့မေး
အိမ်ကြီးရှင် နှင်ပုံကြမ်းလို့
နွမ်းလျှလှသေး...
ကြံ့ကြံ့ရယ်ခံ အာခံမယ့်သွေး
ကိုယ့်မျိုးဂုဏ် ကိုယ်ဆောင်လို့
မုန်းပေါင်ကွဲ့လေး...း)
အစစ အဆင်ပြေပါစေဗျား...
4 September 2013 at 15:36
ကိုယ့်ကဗျာကိုဖတ်ပြီး သဘောကျသွားလို့ ဖွဘုတ်ပေါ် သွားတင်လိုက်ဦးမယ်...း)
5 September 2013 at 09:22
ရင်ဖွင့်သံတွေ ပေါက်ကွဲသံတွေ :D