(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

သြဥ ကျွန့်ကို ဤသို့ဆို၏

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရာသီယွန်းမှ၊ ငွေကွန်းကခွါ
သံဝါတိုးတိတ်၊ ဘယ်အရိပ်တွင်
ခိုဝင်ချွေးသိပ် နေရှာပြီ ။

ဝေသီစွတ်စို၊ မျက်ဝန်းညိုနှင့်
ငါလည်းသင့်လို၊ ခု တစ်ကိုယ်သာ
ရှောင်ခွါဖယ်ရုန်း၊ သူပစ်မုန်းလို့
ကြွေပြုန်းသည်းဆိုင်၊ ဖြေနိုင်ပါဘဲ
ခွေယိုင်လဲလု၊ လမ်းခုလတ်ပင်
ရေးရေးထင်ထင် မမြင်တော့ ။

ဘယ်တော့မှပင်၊ မကြင်သူကို
နင်ငို ငါလွမ်း၊ ခရီးကြမ်း၌
မွှေးကြူရှိုက်ခွင့်၊ ခါမသင့်၍
တမြည့်မြည့်ကျွမ်း၊ အော်မြည်တမ်းရင်း
ဤသလင်းမှာ မိုးတို့ခါခါစွေခဲ့ပြီ ။


3 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။

  1. Candy Says:

    ဘကြီးမှုံ ရောက် ဖတ် မန့် ပြန်

    Good :D

  1. သူကြီးမင်း (တုံးဖလား) Says:

    မွှေးကြူရှိုက်ခွင့်၊ ခါမသင့်၍
    တမြည့်မြည့်ကျွမ်း၊ အော်မြည်တမ်းရင်း
    ဤသလင်းမှာ မိုးတို့ခါခါစွေခဲ့ပြီ ။

    ဖတ်ရင်းနဲ့ သနားတောင်လာပြီ။ မိုးတွေသိမ်းဆည်းပြီး ပျိုးတွေဖက်သာ လှည့်ပေတော့ မောင်မင်းဧရာ။း)