(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)
ဆေးသားပြို၍ ငိုသောတိမ်
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုန်း
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ချူပြန်ငုံဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။
မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း   ပြိုခဲ့ပြီ။
အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုန်း
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။
 ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။
အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ
အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ။
12 မှတ်ချက်:
  1. နွေတေးရှင် (မင်းဧရာ) Says:
    စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။
  1. စံပယ်ချို Says:
    သာမက်ရဲ့ လက်ရာကဗျာလေးက အဟောင်းလဲဖတ်
    ကောင်းနေပြန်တယ်
    အဓိပ္ပါယ် အပြည့်အ၀ရှိပြီး
    တကယ်ကို မြန်မာကဗျာစစ်စစ်ပါပဲ
    ယောက်ခမ အဲလိုလေးတွေရေးတတ်ဘူး
    သင်ပေးအုန်း
  1. မိုးနတ်ကြယ်စင် Says:
    ခြေဦးတည်စ
    ပီသစိတ်ကူး
    အိပ်မက်ဖူးလည်း
    မြေလူးသက်ကြွေ
    ခူးခြွေပိတုံး
    ချင့်ချိန်ယူတော့
    ကဗျာတကျော့
    ဆုံးသည့်အချိန်.....
  1. မိုးနတ်ကြယ်စင် Says:
    ခြူပြန်ငုံးဖူး....ငုံဖူးလို့ ရေးချင်တာလားအကိုတော်ရေ.
    အကိုတော်ပြောလို့ ညလေးပြင်ပေးခဲ့တယ်နော် :)
  1. Candy Says:
    အဲ့ဒါကြောင့် ဒီခေါင်းစဉ်မြင်ဖူးသလိုလိုပါလို့ ပညာပေးလေး မိုက်တယ် :D
  1. Candy Says:
    ပျံဝဲပိတုံး... ပိတုံးက အကောင်ကို ပြောချင်တာလား အစ်ကို အကောင်ဆို ပိတုန်းလို့ ပေါင်းတာလားလို့ ပြောသာပြောရတယ် ကိုယ့်ဟာကိုယ်လည်း မသေချာ ဟဟဟဟ xD
    ပုံ
    ပိစိ သကြားလုံး
  1. သူကြီးမင်း (တုံးဖလား) Says:
    ကိုယ်တွေကသာ ဘေးကနေ " ဆေးသားပြို၍ ငိုသော တိမ်" ဖြစ်နေတာ။ မယ်မင်းကြီးမတွေက " ဆေးသားခြယ်၍ ရယ်သော တိမ်" ဖြစ်နေကြမလား မသိ။
    ကဧရာရဲ့ ဆိုဒ်က ငုတ်လိုက်ပေါ်လိုက်နဲ့ ဗူးခါးခြောက်ဖက်ပြီး ရေထဲမျှောရသလိုမျိုး။
    တစ်လ နှစ်ပုဒ်လောက်တော့ အနည်းဆုံး ကဗျာလေးတွေ လုပ်စမ်းပါ။ လူကြမ်းတွေက ကဗျာနုနုလေးတွေ ထွက်တတ်တယ်တဲ့။း)
  1. နွေတေးရှင် (မင်းဧရာ) Says:
    ဟုတ်ပါ့ဗျာ....
    မှားလိုက်တာတွေလည်း မနည်းဘူး ပြင်လိုက်ပြီဗျို့
    ကျေးဇူးပါဗျာ။
  1. ညောင်ညိုရိပ် Says:
    အဓိပ္ပါယ်တွေအပြည့်အနှက်ပဲ၊ကောင်းလိုက်တဲ့ကဗျာလေး
    ဖတ်ရတာကို ဆို့နစ်သွားတယ်။ ဒီလိုအရေးအသားတွေမှာ ဧရာကြီးရဲ့စေတနာတွေကိုတော့ လက်လန်တယ်။ ဧရာကြီးပေးတဲ့ message ရနိုင်ကြပါစေလို့...မျှော်လင့်ရတာပဲ....ဟူးးး
  1. blackroze Says:
    ကဗျာအဟောင်းလေး ဆိုပေမဲ့လည်း
    ခံစားချက် အပြည့်အဝပေးနေဆဲပါဘဲ
    ကိုမင်းဧရာရေ
  1. မိုးသက် Says:
    အခုပဲ သူငယ်ချင်းတွေကိုပါ လိုက်ပြနေတာအစ်ကို
    အရမ်းကောင်းတယ်.. ။ ကျွန်တော့်အထင်.. မြန်မာစာ
    ပြဌာန်းစာအုပ်တွေမှာတောင် ထည့်ဖို့ကောင်းတယ်.။
  1. အလွမ်းမြို့ Says:
    ကဗျာဟောင်းလေးပေမဲ့ မဖတ်ရသေးသူအဖို့တော့
    အသစ်ပါဘဲ။ အဟောင်းဆိုပေမဲ့ အနှစ်သာရရှိတဲ့
    စာသားတွေနဲ့မို့ ဘယ်တော့မှ မရိုးဘဲဖတ်ကောင်း
    မှတ်ကောင်းတဲ့ ကဗျာလေးပါ။ အားပေးသွားတယ်။
    ချစ်ခြင်းအားဖြင့်
    အလွမ်းမြို့